DVB Logo
Home
အားကစား
ဂျူဗင်တပ်အသင်းကို တရားစွဲရန် စီရော်နယ်ဒို ဆုံးဖြတ်
DVB
·
September 17, 2023
ဂျူဗင်တပ်အသင်းကို တရားစွဲရန် စီရော်နယ်ဒို ဆုံးဖြတ်
Donate to DVB

ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ လုပ်ခလစာမပေးတဲ့  အသင်းဟောင်းဂျူဗင်တပ်ကို တရားစွဲဆိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စီရော်နယ်ဒိုအပါအဝင် ဂျူဗင်တပ်ကစားသမားတွေဟာ ကိုဗစ်ကာလအတွင်း အိမ်မှာပဲနေရခဲ့ရတဲ့ အချိန်အတွင်း လုပ်ခလစာ ၄ လစာကို ဆိုင်းငံ့ထားခဲ့တာပါ။

ကလပ်အသင်းနဲ့ သဘောတူညီချက်အရ စီရော်နယ်ဒိုအနေနဲ့ ပေါင် ၁၇ ဒသမ ၁၅ သန်းရရှိဖို့ရှိပေမဲ့ လက်ရှိ အချိန်အထိ မပေးသေးတာကြောင့် တရားဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ ရော်နယ်ဒိုက ဆုံးဖြတ်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို တရားစွဲဆိုနိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တူရင်မြို့ ပြည်သူ့အစိုးရရှေ့နေတွေဆီ တောင်းခံထားတယ်လို့ အီတလီသတင်းစာ လာဂတ်ဇက်တာဒယ်လိုစပေါ့က ဖော်ပြပါတယ်။

ဂျူဗင်တပ်အသင်းဟာ ကိုဗစ်ကာလအတွင်းဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်မတ်လကနေ ၂၀၂၁ ခုနှစ် ဧပြီလအထိ လုပ်ခလစာပေးချေမှု ရွှေ့ဆိုင်းဖို့ သဘောတူညီ ချက်ရယူခဲ့တာပါ။

လက်ရှိအချိန်မှာတော့ လစာလှည့်ကွက်လို့ အမည်ပေးကြတဲ့ အဲဒီကာလအတွင်း ငွေရေးကြေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဂျူဗင်တပ်အသင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013