DVB Logo
Home
နိုင်ငံတကာ
ပစ်ခတ်မှုဖြစ်ပွားပြီး ၉ ရက်အကြာ အာဖဂန်နှင့်ပါကစ္စတန် နယ်စပ် ပြန်ဖွင့်
DVB
·
September 16, 2023
ပစ်ခတ်မှုဖြစ်ပွားပြီး ၉ ရက်အကြာ အာဖဂန်နှင့်ပါကစ္စတန် နယ်စပ် ပြန်ဖွင့်
Donate to DVB

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ၂ နိုင်ငံအစောင့်တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက နယ်စပ်ဂိတ်ကို ပိတ်ပစ်လိုက်တာ ၉ ရက် ကြာမြင့်ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်မှာတော့  ၂ နိုင်ငံ နယ်စပ်ပေါ်က အဓိက ဖြတ်ကျော်ဂိတ်ကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှ အာဏာပိုင်တွေနဲ့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတို့က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။

၉ ရက်၊ ၁၀ ရက်လောက် နယ်စပ်ကို ပိတ်လိုက်ပြီး ကတည်းက နောက် ၂ ရက် ၃ ရက်အတွင်း လူတွေက အပြေးအလွှား သွားလာကြမှာဖြစ်ပြီး လူတွေအများကြီး အသွားအလာ လုပ်ကြတာမို့ လူပိုများလာမယ်လို့ နယ်စပ်ဂိတ်ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးအေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူး ယက်ဆာ အာရာဖှတ်က ပြောပါတယ်။ 

ပုံမှန်အားဖြင့် နေ့စဉ် လူ ၄, ၅၀၀ မှ ၅,၀၀၀ ကြား နယ်စပ်ဖြတ်ကျော်ကြတယ် လို့လည်း ဆိုပါတယ်။

နယ်စပ်ဖြတ်ကူးသူတွေဟာ အိတ်တွေနဲ့ တန်းစီနေကြပြီး မိသားစုတစု ဆိုရင် သူတို့ထွက်ပေါက်ကို ၁၀ ရက်လောက်စောင့်ခဲ့ရတယ်လို့ ရိုက်တာကို ပြောပြပါတယ်။ 

အာဖဂန်ဒုက္ခသည် မိုဟာမက် အစ္စမေးလ်က သူတို့ဟာ အာဖဂန်နစ္စတန်မှာ အခြေအနေတွေ အရမ်းဆိုးလာတုန်းက ပါကစ္စတန်နိုင်ငံ ရာဝလ်ပင်ဒီမြို့မှာ ၃-၄ နှစ်လောက် တရားမဝင် နေထိုင်ခဲ့ ကြောင်းနဲ့ ပါကစ္စတန် အာဏာပိုင်တွေကြောင့် စားဝတ်နေရး ခက်ခဲလာပြီး ၂ ပတ် အတွင်း အာဖဂန်နစ္စတန်ကို ပြန်သွားဖို့ နှင်ထုတ်တာကြောင့် နယ်စပ်ဂိတ်ဖွင့်ဖို့ စောင့်နေတာ လို့ ဆိုပါတယ်။

ဒီလမ်းဟာ ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်အတွက် အဓိက အသက်သွေးကြောလမ်းမဖြစ်ပြီး ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှ်ဝါ မြို့တော်ကို အာဖဂန်နစ္စတန်ရဲ့ နန်ဂါဟာ ပြည်နယ်မှ အဓိကမြို့ ဂျလာလာဘတ် နဲ့ မြို့တော် ကဘူးလ်ဆီ သွားလာရာ လမ်းကြောင်းကို ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013