DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့ပေါ်တွင် စစ်သားများတိုက်ခိုက်ခံရပြီး ၇ ယောက်သေ
DVB
·
September 16, 2023
ဘုတလင်မြို့ပေါ်တွင် စစ်သားများတိုက်ခိုက်ခံရပြီး ၇ ယောက်သေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်၊ မိုးကျူရှင်စာသင်ဆောင် အဆောက်အဦမှာ ဘုတလင်ရဲစခန်းကနေ စစ်ကောင်စီတပ်သား ၁၀ ယောက် လာရောက်ပြီး ကင်းပုန်းဝပ်နေတာလို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးခေါင်းဆောင်တယောက်က “သူတို့က ဘုတလင်-ကနီ-ကနဲ လမ်းကို ထိမ်းချုပ်ဖို့ရာ တပ်စွဲတဲ့စခန်းလို့ ပြောလို့ရတယ်ဗျ။ တိုက်ပွဲက နာရီဝက် စစ်ဆင်ရေးဆိုတော့ ခဏဝင်ပစ်၊ ခဏပြန်ဆုတ်စနစ်နဲ့တိုက်တာဆိုတော့ တိုက်ပွဲက မကြာလိုက်ဘူး။ တိုက်ပွဲမှာက ခွေးတွေဘက်က ၇ ယောက်ကတော့ နေရာတင် သေဆုံးတယ်။ ၃ ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ကျနော်တို့ ပြန်သိထားရတယ်။ ကိုယ့်ဘက်ကတော့ အထိခိုက်မရှိ ပြန်ထွက်လာနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်ကနေ သေတဲ့ခွေးတွေဆီကနေ G3 တလက်၊ 74 တလက်နဲ့ ကျည်တွေ၊ ကျည်ဘောက်တွေနဲ့ စစ်ခွေးအသုံးဆောင်ပစ္စည်းကို သိမ်းလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို FRF အဖွဲ့နဲ့ ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကလည်း ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတယောက်သေဆုံးပြီး G3 တလက် သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013