DVB Logo
Home
နိုင်ငံတကာ
အမျိုးအမည်မသိ ထူးခြားဖြစ်စဉ် သုတေသနလုပ်ရန် နာဆာက ဒါရိုက်တာ ၁ ဦးခန့်အပ်
DVB
·
September 15, 2023
အမျိုးအမည်မသိ ထူးခြားဖြစ်စဉ် သုတေသနလုပ်ရန် နာဆာက ဒါရိုက်တာ ၁ ဦးခန့်အပ်
Donate to DVB

UAP လို့ အမေရိကန်အစိုးရက ခေါ်ဆိုတဲ့ “အမျိုးအမည်မသိ တမူထူးခြားတဲ့ဖြစ်စဉ်” နဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်မယ့် ဒါရိုက်တာအသစ်တဦးကို ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာ ၁၄ ရက်မှာ နာဆာက အတည်ပြုပါတယ်။

တခြားပြင်ပဂြိုဟ်က အရာဝတ္ထုတွေရဲ့ မူရင်းဇာစ်မြစ်အပေါ်မှာ အထောက်အထား မတွေ့ရှိသေးတာကြောင့် အချက်အလက်တွေ ပိုမိုရှာဖွေကြဖို့အတွက် ကျွမ်းကျင်သူအဖွဲ့အနေနဲ့ တိုက်တွန်းခဲ့တယ်လို့ အမေရိကန် အာကာသအေဂျင်စီရဲ့ အကြီးအကဲက ပြောကြားပါတယ်။

နာဆာစီမံခန့်ခွဲရေးမှူး ဘီလ်နယ်လ်ဆင် ကိုယ်တိုင် သုတသနအကြီးအကဲတဦးအသစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပေမဲ့လည်း ဘယ်သူလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

UAP တွေရဲ့ အချက်အလက် စုဆောင်းဖို့နဲ့ ပင်တဂွန်ရဲ့ ရှာဖွေမှုတွေမှာ အကူအညီ ပေးနိုင်ဖို့အတွက် နာဆာရဲ့ကြိုးပမ်းမှု တိုးမြှင့်လာတာကို လွတ်လပ်တဲ့ ကျွမ်းကျွင်သူအဖွဲ့က အကြုံပြု ထောက်ခံခဲ့ပါတယ်။

UAP ကိုတော့ “အမျိုးအမည်မသိ ပျံသန်းသွားလာနေတဲ့ အရာဝတ္ထုများ” ဆိုတဲ့ UFO ဒါမှမဟုတ် ပန်းကန်ပြားပျံအဖြစ် လူသိများပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း နယ်လ်ဆင်က ကမ္ဘာ့အပြင်ဘက်မှာ သက်ရှိဘဝတွေ တည်ရှိနေတယ်လို့  သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောသွားပါတယ်။ ဒါ့အပြင် နာဆာအဖွဲ့ရဲ့  တွေ့ရှိချက် အားလုံးမှာ ပွင့်လင်းမြင်သာမှုရှိမှာ ဖြစ်တယ်လို့လည်း နယ်လ်ဆင် ကိုယ်တိုင် ကတိပြုခဲ့ပါတယ်။

ရူပဗေဒ ပညာရပ်ကနေ အာကာသဇီဝမျိုးစိတ်အပေါ် လေ့လာတဲ့ Astrobiology ပညာရပ်အထိ ပါဝင်တဲ့ သိပ္ပံနယ်ပယ်ဆိုင်ရာ ကျွမ်းကျွင်သူတွေဟာ နာဆာအဖွဲ့ထဲမှာ ပါဝင်နေပါတယ်။

လွန်ခဲ့တဲ့ ဇွန်လတုန်းက အများပြည်သူကြားမှာ ပထမဆုံးသော အစည်းအဝေးတရပ် ကျင်းပခဲ့ပြီးနောက် ဒီကျွမ်းကျင်သူအဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် တချိန်တုန်းက အသံလုံးဝမထွက်တဲ့ အရာဝတ္ထုကြီးတခုနဲ့ တွေ့ဆုံမိခဲ့တဲ့အပေါ်မှာ စုဆောင်းရရှိလာတဲ့ အချက်အလက်တွေကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ဖွင့်ချမှုအများအပြား ပြုလုပ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013