DVB Logo
Home
မြန်မာသတင်း
မှော်ဘီတွင် ရှော့တိုက်ဒုံးများ ဖမ်းဆီးခံရမှု သတင်းမဟုတ်မှန်ဟု  မြို့ပြပြောက်ကျားပြော
DVB
·
September 15, 2023
မှော်ဘီတွင် ရှော့တိုက်ဒုံးများ ဖမ်းဆီးခံရမှု သတင်းမဟုတ်မှန်ဟု  မြို့ပြပြောက်ကျားပြော
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို ချိန်ရွယ်ထားတဲ့ ၁ဝ၇ မမ ရှော့တိုက်ဒုံးတွေကို စစ်တပ်က သိမ်းဆည်းမိတာနဲ့ပတ်သက်ပြီး သတင်းမှား ဖြစ်ကြောင်း မြို့ပြယူဂျီတပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်တဦးက ပြန်လည်ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီကျော်ခန့် မှော်ဘီ-ဆတ်သွားတော ကားလမ်းမဘေး၊ ညောင်နှစ်ပင်ကျေးရွာ အထွက်နားမှာ မှော်ဘီလေတပ်စခန်းကို ချိန်ရွယ်ထားတဲ့ ၁ဝ၇ မမ ရှော့တိုက်ဒုံးသီး ၈ လုံးကို ကျေးရွာသတင်းပေး အကူအညီနဲ့ သိမ်းဆည်းရမိလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့တာပါ။

မြို့ပြယူဂျီတပ်ပေါင်းစုတခုရဲ့ ခေါင်းဆောင်ဖြစ်သူက “ဘာအကွက်တွေ ရွှေ့နေလဲတော့ မသိဘူး။ လက်ဝါးချင်းရိုက်တာလို့ပဲ မြင်ပါတယ်။ ရန်ကုန်မှာ ပစ္စည်း ဒီလိုသယ်ဖို့ နေနေသာသာ၊ လူရွှေ့ဖို့တောင် ဒီလောက်ခက်ခဲနေတာ၊ နောက်ဆုံး ရိုးရိုး လက်လုပ်ကုန်ကြမ်းလေးတွေတောင် မနည်းရှာနေရတာ။ ဒီလိုအလုံးတွေ အများကြီး ရန်ကုန်ကိုရောက်တယ်၊ ရောက်ပြီး ဒီလိုမိတယ်ဆိုတော့ သူတို့ကိုယ်သူတို့ မိုတီပေးနေတာ ထင်ပါတယ်။ ဆိုလိုတာက အောက်ကကောင်တွေက သူတို့ အထက်လူကြီးတွေကို လုပ်ကွက်ပြတာပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှော့တိုက်ဒုံးတွေ ဖမ်းမိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ သတင်းလွှင့်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ဦးစီးအရာရှိနဲ့ စစ်ဦးစီး(တ) စစ်ဆင်ရေးတို့ရဲ့ ရုံးဖုန်းကို ဒီဗွီဘီအနေနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီ အာဏာသိမ်းယူပြီး ၂ နှစ်ကျော်အကြာအထိ ရန်ကုန်မြို့မှာ စစ်ကောင်စီ အခြေပြု တပ်စွဲထားတဲ့ နေရာတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ ရှိနေတဲ့အတွက် စစ်ကောင်စီတပ်ကလည်း မြို့တွင်းထဲတွေအထိ လုံခြုံရေး တိုးမြှင့်ချထားပြီး မသင်္ကာမှု ပုဒ်မတွေနဲ့ လူငယ်တွေကို မကြာခဏဆိုသလို ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013