DVB Logo
Home
မြန်မာသတင်း
အမ်းသမဝါယမဥက္ကဋ္ဌကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
DVB
·
September 15, 2023
အမ်းသမဝါယမဥက္ကဋ္ဌကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ် သမဝါယမ ဥက္ကဋ္ဌ ဦးအောင်တင်မြင့်ကို စက်တင်ဘာ ၁၃ ရက်မှာ အမ်းမြို့နယ် တရားရုံးက မတရားအသင်းဆက်သွာ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အမ်းမြို့နယ် သမဝါယမဥက္ကဋ္ဌ ဦးအောင်တင်မြင့်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က အမ်းစစ် ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့တာပါ။

ဦးအောင်တင်မြင့်ကို စက်တင်ဘာ ၁၃ ရက်က အမ်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ် လိုက်ပြီး တရာမျှတမှုမရှိဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

"မနေ့က ရုံးချိန်မှာ သူကို ၁၇ (၁) နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ အလုပ်ကြမ်းတော့ မပါဘူး။ ချုပ်ရက်တွေကို ခံစားခွင့်ရှိတယ်လို့ သိရတယ်။ သူက အေအေနဲ့လည်း ဆက်သွယ်တာမရှိတာကြောင့် အခုလို ထောင်ဒဏ်ချမှတ်လိုက်တာဟာ တရားမျှတာမှု မရှိဘူး။" 

သူ့ကို အမ်းအချုပ်ခန်းမှာ လက်ရှိထိန်းသိမ်းထားဆဲဖြစ်ပြီး ဘယ်အကျဉ်းထောင်ကို ရွှေ့ပြောင်း မယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးအောင်တင်မြင့်ကို အမ်းမြို့အခြေစိုက် BE တပ်ရင်းက ဗိုလ်ကြီးရာဇာထွန်းက တရားလို လုပ်ပြီးတော့ အမ်းမြို့တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စက်တင်ဘာလအတွင်း အေအေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်တွေမြို့က ၂ ဦးနဲ့ အမ်းမြို့နယ်က ၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရှိသူ ဦးခိုင်သုခက ဖေဖော်ဝါရီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ တရားစွဲခံထားရပါတယ်။

တရားရင်ဆိုင်နေရတဲ့ ၂၀၃ ဦးအထဲက မတရားအသင်း ၁၇(၁)(၂) နဲ့ ရင်ဆိုင်နေရသူ ၆၁ ဦးကို သြဂုတ် ၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီး ၁၄၂ ဦးမှာ ဖမ်းဆီးတရား ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013