DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ပျောက်ဆုံး ထီလက်မှတ်စောင်ရေ ၉၀၀၀ နံပါတ်များ ပြန်ရုပ်သိမ်း
DVB
·
September 15, 2023
ထိုင်းတွင် ပျောက်ဆုံး ထီလက်မှတ်စောင်ရေ ၉၀၀၀ နံပါတ်များ ပြန်ရုပ်သိမ်း
Donate to DVB

 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ထီလက်မှတ်အုပ်ရေ ၉၀ ထဲက စောင်ရေ ၉၀၀၀ ပျောက် ဆုံးသွားတဲ့နောက် ထိုင်းအစိုးရအောင်ဘာလေထီဌာနက အဆိုပါထီလက်မှတ်နံပါတ်တွေကို ရုပ် သိမ်းကြောင်း စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ထီလက်မှတ်တွေဟာ ၃၅ ကြိမ်မြောက် အောင်ဘာလေထီဖြစ်ပြီး မနက်ဖြန် စက်တင်ဘာ ၁၆ ရက်နေ့ ကြေညာပေးမယ့် ထီပေါက်စဉ်တွေထဲမှာ ပါဝင်ပါတယ်။ 

ဥဘွန်းရာ့ချ်ဌာနီခရိုင်ရှိ ထီရောင်းသူတဦးဟာ သူ့ရဲ့ထီလက်မှတ် အုပ်ရေ ၄၅ အုပ် (စောင်ရေ ၄၅၀၀) ပျောက်ဆုံးသွားကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က သက်ဆိုင်ရာ နယ်မြေရဲစခန်းကို တိုင်ကြားထားသလို အဆိုပါနံပါတ်တွေကို ထိန်းချုပ်ထားပေးဖို့ အောင်ဘာလေထီဌာနကိုလည်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဥဒွန်းဌာနီခရိုင်မှ ထီရောင်းသူတဦးကလည်း သူက စာတိုက်ကနေတဆင့် မှာယူထားတဲ့ ထီလက်မှတ် ၄၅ အုပ် (၄၅၀၀ စောင်) မှာ လက်ထဲရောက်မလာကြောင်း၊ နံပါတ်တွေကိုတော့ အွန်လိုင်းမှာရထားကြောင်း ထီဌာနကို အကြောင်းကြားထားပါတယ်။

ထီပေါက်စဉ်ထွက်ခါနီးထိ ပျောက်ဆုံးထီလက်မှတ် ပြန်မတွေ့သေးတာကြောင့် အဆိုပါအုပ်ရေ ၉၀ ထဲက ထီလက်မှတ် စောင်ရေ ၉၀၀၀ ပါ ဂဏန်းနံပါတ်တွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ထီ ဝယ်ထားသူတွေအနေနဲ့ မိမိနံပါတ်နဲ့ တိုက်ကြည့်လိုပါက အောင်ဘာလေထီဝက်ဘ်ဆိုဒ် https://api.glo.or.th/url/gGBviv4ocDu1?fbclid=IwAR0_nwcG1vUoLKpB0RspobWShmsWyvhYCPJY2ducdU-fWjSuN2S231YkO5U ထဲမှာ သွားရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါ တယ်။ 

ရုပ်သိမ်းခံရတဲ့ နံပါတ်တွေထဲမှာ ပေါက်ဂဏန်းပါလာပါက ထီထိုးသူအနေနဲ့ ဆုငွေကို ချက်ချင်း ထုတ်လို့ မရသေးဘဲ အဆင့်ဆင့် စစ်ဆေးခံရဦးမယ်လို့  အောင်ဘာလေထီဌာနတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

Source- Bangkok Biznews/ PPTV/Sanook  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013