DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားကိုလာရောက်ရန် ရုရှားသမ္မတပူတင်ကို  ကင်ဂျုံအန်းဖိတ်ကြား 
DVB
·
September 15, 2023
မြောက်ကိုရီးယားကိုလာရောက်ရန် ရုရှားသမ္မတပူတင်ကို  ကင်ဂျုံအန်းဖိတ်ကြား 
Donate to DVB

ရုရှားနိုင်ငံ အရှေ့ဖျားမှာကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သူ့နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KRT က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်လွှင့်ပါတယ်။

ဒီဖိတ်ကြားချက်ကို သမ္မတ ပူတင်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ရုရှား-မြောက်ကိုရီးယား ချစ်ကြည်ရေးသမိုင်းကြောင်းနဲ့ အစဉ်အလာကို အမြဲတစေ ဆောင်ကြဉ်းသွားမယ့် သူ့ဆန္ဒကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်လို့ KRT သတင်းကြေညာသူက ဖတ်ကြားသွားပါတယ်။

ရုရှားနိုင်ငံကိုသွားရောက်နေတဲ့ ကင်ဂျုံအန်းဟာ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေး စက်ရုံတွေဆီ သွားရောက်ဖို့တွေနဲ့အတူ သူ့ရဲ့ခရီးစဉ်ကို ဆက်သွားဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

ကရင်မလင်နန်းတော်ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖိတ်ကြားချက်ကို ကျေးဇူးတင်စွာ လက်ခံခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ 

နောက်ထပ် ညှိနှိုင်းဆောင်ရွက်မှုအားလုံးကို သံတမန်လမ်းကြောင်းတွေကနေတဆင့် ဆက်လုပ်ဆောင်သွားမယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကို့ဗ်က ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ ခေတ်အမီဆုံး အာကာသလွှတ်တင်ရေး စခန်းအဆောက်အအုံကို ပြသခဲ့တဲ့ ရုရှားသမ္မတပူတင်ဟာ အခုခါ အရှေ့ဖျားကနေ မော်စကို ကို ပြန်လာပြီဖြစ်ကြောင်းလည်း ကရင်မလင်နန်းတော်က ပြောပါတယ်။

ကင်ဂျုံအန်းရဲ့ ရုရှားခရီးစဉ်ကတော့ ရက်အတော်ကြာ ဆက်ရှိနေဦးမယ်လို့ ကရင်မလင် ပြောခွင့်ရ ဒီမီထရီပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ပူတင်နဲ့ ကင်မ်တို့ကြားက ထိပ်သီးဆွေးနွေးပွဲကို ပက်စ်ကို့ဗ် က “အချိန်ကိုက် ဖြစ်ပြီး၊ အသုံးဝင်ပြီး အပြုသဘောဆောင်”ကြောင်း ပုံဖော်ပြောဆိုပြီး မော်စကိုဟာ ပြုံယမ်းနဲ့ ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရို့ဗ်ဟာ အောက်တိုဘာလမှာ မြောက်ကိုရီးယားကို သွားရောက်မှာဖြစ်ကြောင်းလည်း အတည်ပြုပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013