DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ အငှားယာဥ်များ၏ Taxi Board များ ပုံစံတူပြောင်းလဲရန် YRTC ထုတ်ပြန်
DVB
·
September 14, 2023
ရန်ကုန်မြို့ အငှားယာဥ်များ၏ Taxi Board များ ပုံစံတူပြောင်းလဲရန် YRTC ထုတ်ပြန်
Donate to DVB

ရန်ကုန်မြို့မှာ ပြေးဆွဲအသုံးပြုနေတဲ့ အငှားယာဥ်တွေမှာတပ်ဆင်ထားတဲ့ Taxi Board တပြေးညီပုံစံတူ ပြောင်းလဲတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ (YRTC) က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ရှိ အငှားယာဥ်တွေရဲ့ Taxi Board တွေ အရွယ်အမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ထားရှိတဲ့နေရာ ကွဲပြားနေတာကြောင့် မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်မှုရှိစေရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဥ်စီမံခန့်ခွဲမှု နည်းဥပဒေနဲ့အညီ တပြေးညီ ပြောင်းတပ်ဆင်ရမယ်လို့ ဆိုပါတယ်။

အငှားယာဥ်တွေရဲ့ Taxi Boardဟာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ်အလျား ၉ လက်မ၊ အောက်ခြေ အကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနဲ့ အမြင့် ၃ လက်မ ရှိရမှာဖြစ်ပြီး ခေါင်မိုးပေါ်မှန်ထိပ်ကနေ တပေခွာပြီး ဘေးဘယ်/ညာ ညီညာစွာထားရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Taxi Board မှာ အဖြူရောင်ဆိုင်းဘုတ် မီးအိမ်ဖြစ်ရမှာဖြစ်ပြီး စာသားကို ဆေးအနီရောင် သုံးရမယ်လို့လည်း ဆိုပါတယ်။

အဲဒီလို Taxi Board တပြေးညီပြောင်းလဲတာကို စက်တင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီကာလကို ပညာပေးကာလအဖြစ်သတ်မှတ်ထားကာ ဒီဇင်ဘာ ၉ ရက်ကစပြီး မပြောင်းလဲတဲ့ယာဥ်တွေကို ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၉၆ နဲ့ အရေးယူမယ်ဆိုပြီး သတိပေးထားပါတယ်။

ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၉၆ မှာ သတ်မှတ်ထားတဲ့စည်းမျဥ်း၊ စည်းကမ်းချက်နဲ့ အမိန့်တို့ပါ တားမြစ်ချက်တရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း (သို့) လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မူထင်ရှားရင် ကျပ်သုံးသောင်းထက်မပိုတဲ့ ဒဏ်ငွေချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မရမ်းကုန်းမြို့နယ်မှ အငှားယာဥ်မောင်းတဦးက "ကားဆွဲမကောင်းရတဲ့ ကြားထဲ ငွေထပ်ကုန်ရဦးမှာပေါ့။ လွန်ဆန်လို့မှမရတာ" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မော်တော်ယာဥ်တွေရဲ့ နံပါတ်ပြားကို ​ယာဥ်မှတ်ပုံတင်ရာ မြို့နယ် သင်္ကေတဂဏန်းနဲ့ ယာဥ်အမျိုးအစားပါတဲ့ နံပါတ်ပြားအသစ်တွေ ပြောင်းလဲတပ်ဆင်ခိုင်းပြီး အခု အငှားယာဥ်တွေကို ထပ်ပြီး တင်းကျပ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013