DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလဆန်း စစ်ကောင်စီ ထုတ်ပြန်မည်
DVB
·
November 21, 2024
သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလဆန်း စစ်ကောင်စီ ထုတ်ပြန်မည်
1 / 2
Donate to DVB

စစ်ကောင်စီက ကောက်ယူခဲ့တဲ့ ၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလဆန်းမှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ လဝက သတင်းအရင်းမြစ်ဆီက သိရပါတယ်။

အဲဒီသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာ ကောက်ယူခဲ့တာဖြစ်ပြီး အခုခါမှာ စာရင်းတွေ ပြန်စုနေတယ်လို့ Non CDM လဝက အရာရှိတယောက်က ပြောပါတယ်။

"စာရင်းပြန်စုနေတာ ပြီးသလောက်ရှိပြီ။ ကောက်ဖို့ နောက်ကျတဲ့နေရာက စာရင်းတွေ ထပ်စောင့်စုနေရတဲ့ အခြေအနေမှာရှိတယ်။ နေရာတော်တော်များများက မကောက်နိုင်တော့ စာရင်းမှန်ကန် နီးစပ်မှုရဖို့ကတော့ မသေချာဘူး၊ လာမယ့်လဆန်းလောက် ရှေ့ပြေးအစီရင်ခံစာ ထွက်နိုင်လောက်တယ်။”

စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ကောက်တဲ့ သန်းခေါင်စာရင်းမှာ ဖြေဆိုသူရဲ့ လုံခြုံရေးထိခိုက်စေမယ့် မေးခွန်းတွေ ပါဝင်လို့ဆိုပြီး ပြည်သူတချို့က လာကောက်ချိန်မှာ ရှောင်တိမ်းခဲ့တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်း ကောက်သူတွေကလည်း အိမ်စေ့ မကောက်တာ၊ မေးခွန်းတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဖြည့်လိုက်တာတွေရှိလို့ သန်းခေါင်စာရင်းအချက်အလက်မှာ လွဲမှားစွာထွက်လာနိုင်တယ်ဆိုပြီး သုံးသပ်မှုတွေ ရှိပါတယ်။

smart

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်နဲ့နီးစပ်သူတယောက်က “သူတို့ မကောက်ခင်ကတည်းက အချက်အလက် မှန်မှန်ကန်ကန်မရနိုင်ဘူးလို့ ထင်ပြီးသား။ စကစ အနေနဲ့က ဘယ်သူ့အကူအညီမှမပါဘဲ သူတို့လုပ်နိုင်တယ်ဆိုပြီး ကြွားချင်လို့ လုပ်တာလို့ မြင်တယ်။ သူတို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရနိုင်ဖို့ လုပ်တာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၄ သန်းခေါင်စာရင်းကို အိမ်ထောင်စု ၁၃ သန်းနီးပါးက ကောက်ကွက် ၁ သိန်းကျော်ကို ကောက်ယူခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီသန်းခေါင်စာရင်း ကောက်တာဟာ ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်တိကျစေရေးအတွက် ဖြစ်တယ်လို့လည်း စစ်ကောင်စီကအကြောင်းပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013