DVB Logo
Home
မြန်မာသတင်း
ပက်စီအချိုရည်စက်ရုံ တာဝန်ရှိသူကို အလုပ်သမားက တရားစွဲဆိုမှု ကြန့်ကြာနေ
DVB
·
September 14, 2023
ပက်စီအချိုရည်စက်ရုံ တာဝန်ရှိသူကို အလုပ်သမားက တရားစွဲဆိုမှု ကြန့်ကြာနေ
Donate to DVB

ပက်စီအချိုရည်စက်ရုံက အထွေထွေမန်နေဂျာနဲ့ HR မန်နေဂျာတို့ကို အလုပ်သမားဖြစ်သူက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်မှုအတွက် တရားစွဲဆိုတဲ့အမှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁၄ ရက် ဒီနေ့မှာ ရုံးချိန်းခေါ်ယူခဲ့ပေမဲ့ ပြီးပြတ်မှုမရှိဘဲ ၆ ကြိမ်မြောက် ရုံးချိန်းထပ်ခေါ်ထားတယ်လို့ အဲဒီအလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။

အလုပ်သမားဖြစ်သူက မှော်ဘီခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ရုံးချိန်းက ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဖက်ညှိနှိုင်းဖို့ လမ်းညွှန်ခဲ့တာကြောင့် သွားရောက်ညှိနှိုင်းခဲ့ရာ အဆင်မပြေတဲ့အတွက် ဒီနေ့ရုံးချိန်း တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ တိုင်းရုံးက ညှိနိူင်းခဲ့တဲ့ အမှုတွဲဟာ တလကြာတဲ့အထိ ခရိုင်တရားရုံးကို မရောက်လာသေးလို့ဆိုပြီး စစ်ဆေးမေးမြန်းမှုမရှိဘဲ အောက်တိုဘာ ၆ ရက်ကို ထပ်မံချိန်းဆိုလိုက်တာလို့ STUM က ထုတ်ပြန်ထားပါတယ်။

STUM မှ တာဝန်ရှိသူတဦးက “အလုပ်သမားက စိတ်ပျက်ပြီး တရားဆက်ရင်မဆိုင်ချင်တော့အောင် အချိန်ဆွဲတဲ့သဘောလားလို့ မြင်မိတယ်” လို့ ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဖြစ်သူ ဦးသောင်းဟန်ဟာ ပက်စီအချိုရည်စက်ရုံက လုပ်သက်ရင့်ဝန်ထမ်းဖြစ်ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့ မညီဘဲ အလုပ်ထုတ်ခံရတာလို့ သိရပါတယ်။

အဲဒါကြောင့် ဥပဒေပါ နစ်နာကြေးပေးဖို့ အလုပ်သမားက တောင်းဆိုတာကို စက်ရုံဘက်က ငြင်း​ဆိုတာကြောင့် ညှိနှိုင်းမှုတွေ အဆင့်ဆင့်ပြုလုပ်ခဲ့ရပြီး ပြေလည်မှုမရလို့ တရားမမှုနဲ့ အလုပ်ထုတ်စာမှာ လက်မှတ်ရေးထိုးထားတဲ့ စက်ရုံတာဝန်ရှိသူနှစ်ဦးက တရားစွဲဆိုရတာလို့ ဦးသောင်းဟန်က ပြောထားပါတယ်။

ဦးသောင်းဟန်က လုပ်သက်နဲ့ ဥပဒေပါ နစ်နာကြေး ကျပ်သိန်း ၅၀ နဲ့ ၄ သောင်း စက်ရုံဘက်က ရဖို့ရှိနေပြီး တရားရင်ဆိုင်တဲ့ကာလ ကုန်ကျစရိတ်တွေပါ ထည့်သွင်းကာ ကျပ်သိန်း ၁၀၀ ရလိုမှုနဲ့ တရားစွဲထားတာလို့လည်း STUM ထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013