DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ယင်းမာပင်တွင် စစ်သား ၁ ဦးကို အသေဖမ်းမိ
DVB
·
September 14, 2023
ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ယင်းမာပင်တွင် စစ်သား ၁ ဦးကို အသေဖမ်းမိ
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၆ နဲ့ မြို့ပေါ်က စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် ပေါင်းပြီး ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ညောင်စောက်ကျေးရွာနဲ့ မဲကုန်းကျေးရွာကြားအရောက်မှာ မိုင်းဆွဲ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းအထန် ဒဏ်ရာရပြီး  သေဆုံးသူရှိမရှိ အတိအကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ PDF ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ပေမဲ့ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ Mavic3 ဒရုန်းတစင်း ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာတော့ စေသူသစ်ကွင်းစောင့် စစ်သားတယောက်ကို  စက်တင်ဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်မှာ အသေဖမ်းဆီးရမိခဲ့တယ်လို့ ULF, Comrade Column အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါစစ်သားဟာ စေသူသစ်ကွင်းအနီး ဝန်းကျင်ကို ကင်းထောက်လှမ်းဖို့ ထွက်လာတဲ့ စစ်သားဖြစ်တယ်လို့ ဆိုပါတယ်။

“အဲသတင်းက အတည်ပြုလို့ရပါတယ်။ ဖြစ်ပုံက သူတို့ဘက်က နယ်ချဲ့ပြီး ကင်းထောက်လှမ်းပြီး ကင်းပုန်းဝတ်ဖို့ ထွက်လာတဲ့စစ်သားပါ။ အဲဒီစစ်သားက ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တည့်တည့်တိုးလာတာ။ အဲဒါကို ကျနော်တို့ဘက်က ကောင်းကာင်းမွန်မွန် စစ်ဆေးမေးမြန်း ဖမ်းဆီးလုပ်ဆောင်တာကို လက်မခံဘဲထွက် ပြေးသွားတယ်ပါ့။ အဲလိုထွက်ပြေးတာကို လိုက်ဖမ်းရာကနေ ကျည်ထိမှန်သေဆုံးသွားတယ်” လို့ ULF,Comrade Columnစစ် ကြောင်းအဖွဲ့ဝင် ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါစေသူရွာအနီးမှာ စစ်ကောင်စီက ၁ လကျော်ကြာတဲ့အထိ တပ်စွဲနေထိုင်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးအခြေအနေတင်းမာ‌နေတာကြောင့် စေသူရွာကအနီးက စုန်းချာင်း၊ ပတိမ်ပြင်၊ စေသူ၊ အင်းပတ်၊ ကျောက်ကုန်း၊ ကြက်လျှာ၊ ကျောက်မှော် စတဲ့ဒေသခံတွေဟာ ဒီနေ့အချိန်အထိ ကျေးရွာအတွင်း ဝင်နေလို့မရဘဲ စစ်ဘေးရှောင်နကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်သားကို ဖမ်းဆီးတဲ့အဖွဲ့တွေကတော့ ULF, Comrade Column ရဲ့အဖွဲ့ဝင် ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနဲ့ မဟာမိတ်Peacock Brother Local PDF တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေ တွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013