DVB Logo
Home
မြန်မာသတင်း
ကန်နီကြီးစစ်ရှောင်စခန်း ရိက္ခာနှင့် ဆေးဝါးလိုအပ်၊ ရှမ်းပြည်နယ် စစ်ရှောင်စခန်းတခုတွင် အာဟာရ ကျွေးမွေး 
DVB
·
September 14, 2023
ကန်နီကြီးစစ်ရှောင်စခန်း ရိက္ခာနှင့် ဆေးဝါးလိုအပ်၊ ရှမ်းပြည်နယ် စစ်ရှောင်စခန်းတခုတွင် အာဟာရ ကျွေးမွေး 
1 / 2
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ ၂ နှစ်ကျော် စစ်ရှောင်နေရတဲ့ ကန်နီကြီး စစ်ရှောင်စခန်း ၁ က ပြည်သူတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စခန်း တာဝန်ခံက ပြောပါတယ်။

“အခက်ခဲဆုံးကတော့ စားနပ်ရိက္ခာပေါ့။ ပြီးခဲ့တဲ့ ၃/၄ လက ဆန်လုံးလုံးပြတ်သွားတယ်။ ခက်ခဲမှုက အများကြီးရှိတာပေါ့နော်။ မသန်မစွမ်းသူ၊ နာတာရှည်ရောဂါသမားအတွက်လည်း ဆေးဝါးတွေလိုအပ်တယ်။ ဆေးအဖွဲ့လာပေမယ့် သူတို့အတွက် ဆေးက မစုံတာရှိတယ်။"

ကန်နီကြီးစစ်ရှောင်စခန်းမှာ ဒေါငံခါးကျေးရွာပြည်သူတွေ စစ်ရှောင်နေရတာဖြစ်ပြီး အိမ်ခြေ ၄၀ ကျော်ရှိကာ လူဦးရေ ၁၇၀ ဝန်းကျင် နေထိုင်နေကြတယ်လို့ သိရပါတယ်။

နေရပ်ကိုပြန်ပြီး တောင်ယာစိုက်ပျိုးရေးတွေ လုပ်ကိုင်ချင်ပေမယ့် ပြန်တဲ့အခါ တခုခုဖြစ်မှာကြောက်တဲ့အတွက် မပြန်ရဲသေးဘဲ စစ်ရှောင်စခန်းမှာပဲ နေထိုင်နေရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေပြီး ပြည်သူတွေ ကူညီထောက်ပံ့မှုနဲ့သာ ရှေ့ဆက်နေရတာကြောင့် အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်အတွက် စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ စလောင်းစစ်ရှောင်စခန်း ၂ မှာ စက်တင်ဘာ ၁၃ ရက်က အာဟာရနဲ့ စိတ်ဓာတ်မြှင်တင်ရေးတွေကို သွားရောက်ကူညီပံ့ပိုးခဲ့တယ်လို့ Dove KK တပ်ဖွဲ့ရဲ့ ပညာရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

"ပညာရေးပိုင်းကို အဓိကလုပ်ဖြစ်တော့ ဆရာဆရာမတွေဆိုရင် တော်တော်များများက သတိမရကြဘူးပေါ့နော်။ အဲ့အတွက် ဆရာဆရာမတွေကို တတ်နိုင်သလောက် လိုအပ်တာတွေ ထောက်ပံ့ပေးဖြစ်တယ်။ ကလေးတွေနဲ့ လှုပ်ရှားမှုလုပ်တယ်။" 

စလောင်းစစ်ရှောင်စခန်း ၂ မှာ စစ်ဘေးရှောင် အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၆၇ ယောက်နေထိုင်နေကြကာ စစ်ရှောင်တာ ၂ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။

စစ်ဘေးရှောင်ကလေးငယ် ၅၀ ယောက်ကို ဆရာ /မ ၅ ယောက်က ပညာသင်ကြားပေးနေပြီး KG တန်းကနေ Grade 5အထိ ရှိတယ်လို့ ဆိုပါတယ်။

ကလေးတွေအတွက် အားကစားပြုလုပ်ပေးတာတွေ၊ ဂိမ်းကစားတာတွေ၊ ဆရာ ဆရာမတွေအတွက် ထောက်ပံ့ငွေ ကူညီတာတွေ၊ အနိုင်ရတဲ့ကလေးငယ်တွေကို ဆုချီးမြှင့်တာတွေ၊ စိတ်ဓာတ်မြှင့်တင်ရေးပြုလုပ်တာတွေ၊ ကယန်းရိုးရာ ဝက်သား ဆန်ပြုတ် နဲ့ မုန့်ကျွေးမွေးတာတွေ စတဲ့ အစီအစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Dove KK အဖွဲ့က ကရင်နီနဲ့ ရှမ်းတောင်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာစတာတွေကို ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား သွားရောက်ကူညီပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013