DVB Logo
Home
နိုင်ငံတကာ
တရားမဝင် တရုတ်နိုင်ငံသား ၅ ဦး ထိုင်းတွင် အဖမ်းခံရ 
DVB
·
September 14, 2023
တရားမဝင် တရုတ်နိုင်ငံသား ၅ ဦး ထိုင်းတွင် အဖမ်းခံရ 
Donate to DVB

လာအိုနိုင်ငံမှာ အလုပ်လုပ်ပြီး လုပ်အားခမရတဲ့အပြင် အလုပ်ရှင်ကပါ ဖိနှိပ်လို့ဆိုပြီး ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် ဖရကျောက်တာ့ခ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၃ ရက်မနက်က ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ် ထိုတ်ထိုင်း ကျေးရွာအုပ်စုထဲမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နယ်မြေစစ်ဆေးရေး ဆောင်ရွက်စဉ် ဘန့်မုန့်ကောက်လန်ရွာဘက် ဝင်လာတဲ့ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့ ၅ ယောက်ဟာ လာအိုနိုင်ငံမှာ စားဖိုမှူးအလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီမှာ ၇ လကြာလုပ်ခဲ့ပြီး အလုပ်ရှင်က လုပ်အားခမပေးတဲ့အပြင် စာရွက်စာတမ်း အထောက်အထားတွေလည်း သိမ်းယူထားတယ်၊ ဖိနှိပ်အနိုင်ကျင့်တာတွေလည်း ခံရတယ်၊ အဲဒါကြောင့် မြန်မာပြည်ဘက် အရင်ထွက်ပြေးသွားကြတယ်၊ အဲဒီနောက် မြန်မာပြည်က လမ်းပြငှားပြီး မဲ့ကျူတ်လားဟူရွာကနေ ထိုင်းဘက်ခြမ်းကို တောလမ်းကနေ ကူးလာခဲ့တယ်၊ ထိုင်းနိုင်ငံ ဘန့်မုန့်ကောက်လန်ရွာနားမှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၅ ဦးကို မယ်ဖာ့လုံရဲစခန်းမှာ ဖမ်းဆီးထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ Maesaipress  သတင်းမှာ ဖော်ပြပါတယ်။ 

Source - Maesaipress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013