DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲခန့်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် တနင်္သာရီတိုင်းတွင် ပြည်သူ ၁၅၀ ကျော် သေဆုံး
DVB
·
September 14, 2023
၂ နှစ်ခွဲခန့်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် တနင်္သာရီတိုင်းတွင် ပြည်သူ ၁၅၀ ကျော် သေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၇၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၅၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၀၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၃၁၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်း အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် တနင်္သာရီတိုင်းမှာ ၁၅၅ ယောက် သေဆုံးခဲ့ပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၁၀၂ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၅၃ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၄၇ ယောက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ ၅၅ ယောက်သေဆုံးခဲ့ရတာလို့ ဆို ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့လယ် ၁၂ နာရီလောက်ကလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာမှာ အင်အားအယောက် ၃၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ မြိတ်ခရိုင် အမှတ် (၁) ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ပြီး အရပ်သားတယောက်ဖြစ်တဲ့ ကိုရုပ်ဆိုးကို ပစ်သတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013