DVB Logo
Home
အားကစား
ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း ဆီမွန်နာဟာလက် တားမြစ်ဆေးသုံးစွဲသဖြင့် ၄ နှစ် အပိတ်ခံရ
DVB
·
September 13, 2023
ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း ဆီမွန်နာဟာလက် တားမြစ်ဆေးသုံးစွဲသဖြင့် ၄ နှစ် အပိတ်ခံရ
Donate to DVB

ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမားဖြစ်ခဲ့တဲ့ ဆီမွန်နာဟာလက်ဟာ တားမြစ်ဆေးသုံးစွဲမှုနဲ့ ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲက ၄ နှစ်ကြာ ပိတ်ပင်ခံခဲ့ရတယ်လို့ နိုင်ငံတကာ တင်းနစ်သမာဓိအေဂျင်စီ (ITIA) က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့​ပါတယ်။

အသက် ၃၁ နှစ်အရွယ် ရိုမေးနီးယားတင်းနစ်မယ်ဟာ ၂၀၂၂ ခုနှစ် ပြင်သစ်အိုးပင်းအတွင်း မူယစ်ဆေးဝါးစစ်ဆေးမှု ပျက်ကွက်ခဲ့သလို သူမရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း မမှန်မကန် ပြုလုပ်ခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ITIA က ပြောပါတယ်။

နိုင်ငံတကာတင်းနစ်သမာဓိအေဂျင်စီ (ITIA) က ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာဟာလက်ကို ၂၀၂၂ အောက်တိုဘာတည်းက ယာယီဆိုင်းငံ့ထားပေမဲ့ အခုမှ တရားဝင် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆီမွန်နာဟာလက်က “ကျမက ဒီမှားယွင်းတဲ့စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ တတ်စွမ်းနိုင်သလောက် အားလုံးကို လုပ်ဆောင်နေပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆီမွန်နာဟာလက်ဟာ ၂၀၁၈ ပြင်သစ်အိုးပင်း ရရှိခဲ့သလို ၂၀၁၉ ဝင်ဘယ်ဒန်အိုးပင်းကိုလည်း နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံကိုကျော်ပြီး ရရှိခဲ့ပါတယ်။

ဆီမွန်နာဟာလက်ဟာ ကမ္ဘာ့အဆင့် ၁ နေရာကိုလည်း ၂၀၁၇ ကနေ ၂၀၁၈ အထိ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

Source-ITIA

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013