
ချယ်လ်ဆီးကြယ်ပွင့်ကစားသမား မူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA) ရဲ့ ၄ နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်တာကို ခံလိုက်ရပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်ကတည်းက ဆေးစစ်ချက်မှာ Meldonium (ဆိုဗီယက်စူပါစစ်သားများသုံး သည့်ဆေး) တွေ့ရှိခဲ့တာကြောင့် အသင်းနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
မူဒရစ်ဘက်ကတော့ သူဟာ အပြစ်မရှိကြောင်း အခိုင်အမာ ပြောဆိုထားပြီး ဒီပြစ်ဒဏ်ကို လျှော့ပေါ့ ပေးဖို့ အားကစားခုံရုံး (CAS) ထံ အယူခံဝင်ထားပါတယ်။
တကယ်လို့ အယူခံ မအောင်မြင်ခဲ့ရင် သူဟာ ၂၀၂၈ ခုနှစ်ကုန်ပိုင်းအထိ ဘောလုံးကစားခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလက ပေါ့ဂ်ဘာဟာလည်း အလားတူ ၄ နှစ်ပြစ်ဒဏ်ကနေ ၁၈ လအထိ အယူခံ အောင်မြင်ခဲ့ဖူးတာကြောင့် မူဒရစ်အနေနဲ့လည်း အဲဒီလိုအခွင့်အရေးမျိုး ရနိုင်ဖို့ မျှော်လင့်နေ ပါတယ်။
Photo:Reuters










