
စပါးအသင်းဟာ အပြောင်းအရွှေ့ ရာသီဝက် နောက်ဆုံးရက်မှာ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား မူဒရစ်နဲ့ ဗဟိုနောက်ခံလူ တိုဆင်အာဒါရာဘီအိုယို တို့ကို တရားဝင် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် မူဒရစ်ဟာ စပါးအသင်းဆီ တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ပေါင် ၇၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့် အချက် ပါဝင်ပါတယ်။
နောက်ခံလူ အာဒါရာဘီအိုယို ကတော့ ပေါင် ၁၂ သန်းအထိ ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် စာချုပ် ပြောင်းရွှေ့လာခဲ့တာပါ။
မူဒရစ်ဟာ ရှက်တာဒိုးနက်အသင်းမှာ သူ့ကို နည်းပြခဲ့ဖူးတဲ့ ဒီဇာဘီနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
သူဟာ တားမြစ်ဆေးပြဿနာ ချိုးဖောက်မှုကြောင့် ဆိုင်းငံ့ပြစ်ဒဏ် ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လကမှ ပြန်လည် ကစားခွင့် ရရှိထားတာပါ။
စပါးအသင်းဟာ နဒီယာနဲ့ ဂက်ပိုတို့ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တာကြောင့် မူဒရစ်ကို အမြန်ဆုံး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။











