DVB Logo
Home
မြန်မာသတင်း
ကွာလာလမ်ပူ KTV တခုတွင် အဓမ္မခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၄ ဦးကို မလေးရဲ ကယ်တင်
DVB
·
September 13, 2023
ကွာလာလမ်ပူ KTV တခုတွင် အဓမ္မခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၄ ဦးကို မလေးရဲ ကယ်တင်
Donate to DVB

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ်ပြည်နယ်၊ ပန်ချောင်မြို့ ကေတီဗီတခုမှာ အလုပ်လုပ်ကိုင်ဖို့ ဖိအားပေး အတင်းအကျပ်စေခိုင်းခံနေရတဲ့ မြန်မာအမျိုးသမီး ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့တယ်လို့ The Star မီဒီယာတခုမှာ ဖော်ပြထားပါတယ်။

Bukit Aman CID ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေးယူနစ် (D3) တို့က ပူးပေါင်းပြီး ကေတီဗီကို စက်တင်ဘာ ၁၁ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်မှာ သတင်းအတိအကျနဲ့ ဝင်ယောက်စီးနင်းခဲ့ပါတယ်။

အသက် ၁၅ နှစ်မှ ၃၁ နှစ်ကြားရှိတဲ့ မြန်မာအမျိုးသမီး ၄ ဦးဟာ ကေတီဗီမှာ နိုင်ငံခြားဖောက်သည်များဖျော်ဖြေဖို့ လွန်ခဲ့တဲ့ ၅ ရက်ကတည်း ရောက်ရှိလာတာဖြစ်ပါတယ်။

အဲဒီအမျိုးသမီး ၄ ဦးကို ခေါ်လာတဲ့ မြန်မာနိုင်ငံသားအမျိုးသားတဦးနဲ့ သူ့ရဲ့လက်ထောက် နှစ်ဦးတို့ကို ဖမ်းဆီးထားတယ်လို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေး ဒါရိုက်တာ ဖာဒီမာဆပ်က ပြောပါတယ်။

"ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသား သုံးဦးထဲက တဦးက မြန်မာအမျိုးသမီးတွေကို လစာ ရန်းဂစ် ၁၅၀၀ နဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာ။ ပြီးတော့မြန်မာအမျိုးသားက အမျိုးသမီးတွေကို ကေတီဗီမှာ ဖိအားပေးခိုင်းခဲ့တာ။" 

မလေးရှားရဲတပ်ဖွဲ့တွေရဲ့ ကနဦးစစ်ဆေးမှုအရ တရားခံ​မြန်မာအမျိုးသားသုံးဦးထဲက တဦးဟာ အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးအား အလိုမတူဘဲ မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

Source - The Star

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013