DVB Logo
Home
နိုင်ငံတကာ
လစ်ဗျားတွင် မုန်တိုင်းကြောင့် လူ ၂,၀၀၀ ခန့်သေဆုံးပြီး ၁၀,၀၀၀ ခန့် ပျောက်ဆုံးနေ
DVB
·
September 13, 2023
လစ်ဗျားတွင် မုန်တိုင်းကြောင့် လူ ၂,၀၀၀ ခန့်သေဆုံးပြီး ၁၀,၀၀၀ ခန့် ပျောက်ဆုံးနေ
Donate to DVB

လစ်ဗျားနိုင်ငံမှာ ဒန်နီရယ်မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂,၀၀၀ လောက် သေဆုံးပြီး ၁၀,၀၀၀ လောက် ပျောက်ဆုံးနေကာ ပင်လယ်ထဲက အလောင်းတွေကို ဆယ်ယူရာမှာ အကူအညီ လိုအပ်နေကြောင်း လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်အယ်လ်ဒီဘေးဘာက စက်တင်ဘာ ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

လစ်ဗျားမှာ လုံလောက်တဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့နဲ့ စက်ကိရိယာတွေရှိပြီး အလောင်းတွေ ထုတ်ယူမှုအပေါ် ရေတပ်နဲ့ ရေငုပ်သမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အာရုံစိုက်ထားကြောင်း အယ်လ်ဒီဘေးဘာက ပြောပါတယ်။

“လူနာတင်ယာဉ် အစီး ၄၀၀ နဲ့ ဆေးဝါးတွေ၊ စက်ကိရိယာတွေ၊ ဆရာဝန်တွေ အလုံအလောက် ရှိထားပေမဲ့ ပင်လယ်ထဲက အလောင်းတွေကို ပြန်ယူရာမှာ ပြဿနာရှိနေတာ။”

လစ်ဗျားနိုင်ငံမှာ လိုအပ်တာတွေအတွက် နိုင်ငံတကာက အကူအညီပေးရေး ကမ်းလှမ်းချက်တွေကိုလည်း အကဲဖြတ်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ မြေထဲပင်လယ် မုန်တိုင်းကြီးကြောင့် ရေကာတာတွေ ပေါက်ကွဲပြီး အဆောက်အဦတွေ မျောပါသွားကာ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဒယ်ရ်နာရဲ့ ၄ ပုံ ၁ ပုံလောက်အထိ ပျက်စီးသွားပါတယ်။

ဒယ်ရ်နာမြို့ တမြို့တည်းမှာ ရုပ်အလောင်း ၁,၀၀၀ ကျော်ကို ဆယ်ယူရရှိထားပြီး နိုင်ငံမှာ သေဆုံးသူအရေအတွက် ပိုမိုများပြားလာလိမ့်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။

“အဲဒီဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးကို စတင်ဖို့အတွက် လစ်ဗျားငွေကြေး ၂ ဒသမ ၅ ဘီလီယံ ဒီနာကို ခွဲဝေချထားပေးခဲ့တယ်” လို့ လစ်ဗျားဝန်ကြီးချုပ် အယ်လ်ဒီဘေးဘာက ပြောပါတယ်။

လစ်ဗျားရဲ့ ဒုတိယအကြီးဆုံးမြို့ ဘန်ဂါဇီ အပါအဝင် အရှေ့ပိုင်းမြို့တွေမှာလည်း မုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။

သေဆုံးသူအရေအတွက် အလွန်များပြားလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ တာမား ရာမာဒန်က ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013