DVB Logo
Home
အားကစား
မြန်မာယူ-၂၃အသင်း တောင်ကိုရီးယား ယူ-၂၃ အသင်းကို ၃ ဂိုးပြတ်ရှုံးနိမ့်
DVB
·
September 13, 2023
မြန်မာယူ-၂၃အသင်း တောင်ကိုရီးယား ယူ-၂၃ အသင်းကို ၃ ဂိုးပြတ်ရှုံးနိမ့်
Donate to DVB

ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် မြန်မာယူ-၂၃ အသင်းနဲ့ အိမ်ရှင် တောင်ကိုရီးယား ယူ-၂၃ အသင်းတို့ စက်တင်ဘာ ၁၂ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ တောင်ကိုရီးယား ယူ-၂၃ အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အာရှအင်အားကြီးအသင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းဟာ မြန်မာအသင်းကို ဂိုးပေါက်တည့်ကန်သွင်းမှု တကြိမ်မှမပေးရတဲ့အထိ ပွဲစတည်းက တဖက်သတ် ဖိကစားထားခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

တောင်ကိုရီးယား ယူ-၂၃ အသင်းဟာ မြန်မာအသင်းကို အနိုင်ယူပြီးနောက် ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၄ ယူ-၂၃ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရမှာဖြစ်ပြီး မြန်မာယူ-၂၃အသင်းကတော့ ခြေစစ်ပွဲအဆင့်မှာပဲ ကျေနပ်ခဲ့ရပါတယ်။

အုပ်စုအတွင်း တခြားပွဲစဥ်တွေဖြစ်တဲ့ ကာတာ ယူ-၂၃ နဲ့ ကာဂျစ္စတန် ယူ-၂၃ တို့ပွဲစဥ်မှာ ကာတာ ယူ-၂၃ အသင်းက ၁ ဂိုး  ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု ခ မှာ ကာတာအသင်းက ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမ၊ တောင်ကိုရီးယားအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယ၊ ကာဂျစ္စတန်က ရမှတ် ၁ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုတတိယ၊ မြန်မာအသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ကာတာအသင်းဟာ ၂၀၂၄ ယူ-၂၃ အာရှဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်တာကြောင့် အခုပြိုင်ပွဲကို ခြေစမ်းပွဲသဘောအနေနဲ့သာ ဝင်ရောက်ယှဥ်ပြိုင်တာဖြစ်တဲ့အတွက် ရလဒ်ကို ထည့်သွင်း တွက်ချက်တာ မရှိပါဘူး။

Photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013