DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲခန့်အတွင်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၆၀၀ ကျော် သေဆုံး
DVB
·
September 12, 2023
၂ နှစ်ခွဲခန့်အတွင်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၆၀၀ ကျော် သေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၇၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၆၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၆၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၁၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၂၉၅ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်း အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ အကြမ်းဖက် စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၆၁၂ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၂၈၅ ယောက်နဲ့ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၁၀၆ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၂၃၆ ယောက်၊ အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ အယောက် ၂၇၀ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာက ဒိုဒိတ်ဟွဲ (ခ) ဟွဲဘွဲ့နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ဆိုင်ကယ်နဲ့ ကလေးမြို့ကိုအသွား အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့က လုံခြုံရေးအကြောင်းပြပြီးတော့ သူတို့မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တားဆီးစစ်ဆေးကာ အကြောင်းပြချက်မရှိဘဲ သွေးထွက်သည်အထိ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သူတို့ရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကို လုယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ရိုက်နှက်နှိပ်စက်ခံရပြီးနောက် ဩဂုတ် ၂၈ ရက်မနက်ပိုင်းမှာတော့ ဒိုဒိတ်ဟွဲ (ခ) ဟွဲဘွဲ့ဟွဲရဲ့ နားမှာ သွေးတွေ ယိုထွက်လာပြီး သတိလစ်မေ့မျောခဲ့တာကြောင့် ကလေးမြို့ဆေးရုံဆီ ပို့ဆောင်ကုသပေးခဲ့ပေမယ့် သတိပြန်ရ လာခြင်းမရှိဘဲ စက်တင်ဘာ ၅ ရက်မှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013