DVB Logo
Home
မြန်မာသတင်း
ပုလောတွင် ဥပဒေမဲ့လုပ်ဆောင်သည့် ကမ်းဝေးငါးဖမ်းလှေ ပဲ့နင်း ၇ ဦးကို  PDF ဖမ်းဆီး
DVB
·
September 12, 2023
ပုလောတွင် ဥပဒေမဲ့လုပ်ဆောင်သည့် ကမ်းဝေးငါးဖမ်းလှေ ပဲ့နင်း ၇ ဦးကို  PDF ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ညှင်းဖို ညှင်းမကျွန်းအနီး မြန်မာ့ပင်လယ် ငါးဖမ်းဥပဒေကို ဖောက်ဖျက်ပြီး ကမ်းနီးငါးဖမ်းတာကို ဥပဒေမဲ့လုပ်ဆောင်နေတဲ့ ကမ်းဝေးငါးဖမ်းလှေ (ဒေသခေါ် ဝါလတ်လှေ) က တာဝန်ရှိ ပဲ့နင်း ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ အမှတ်-၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒေသခံတွေက တိုင်ကြားထားလို့ ဖမ်းဆီးဖို့ ကြိုးစားနေတာ ကြာပြီဖြစ်ပြီး အခုမှ ဖမ်းမိတာဖြစ်ကြောင်းနဲ့ ပဲ့နင်းကို ဖမ်ဆီးထားကာ လှေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့  မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“ဖမ်းရတဲ့ အကြောင်းအရင်းက ကမ်းဝေးဝါလတ်လှေအနေနဲ့က ဥပဒေအရ ကမ်းနီးမှာ ဘယ်လိုမှ ငါးဖမ်းခွင့် မရှိဘူး။ ပြီးတော့ အဓိကက အဲဒီလိုလာဖမ်းတော့ ဒေသခံ တနိုင်တပိုင် ငါးဖမ်းလှေတွေ အများကြီး ထိခိုက်ပါတယ်။ ငါးအကောင်ရေ နည်းလာတော့ တနိုင်တပိုင် ငါးဖမ်းလှေတွေ ငါးအရ နည်းလာတယ်။ မိသားစု စားဝတ်နေရေး ထိခိုက်လာတယ်။ ဒါကြောင့် ဖမ်းရတာပါ။”

ကမ်းဝေးငါးဖမ်းလှေက ပဲ့နင်း ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်-၁ တပ်ရင်းကနေ စက်တင်ဘာ ၇ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

အဆိုပါ ပဲ့နင်း ၇ ဦးကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာနဲ့ ဘယ်လို့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ ငါးဖမ်းခွင့်ရေပိုင်နက်ကို ကျော်လွန်ကာကမ်းနီးငါးဖမ်းလုပ်ငန်းကို လုပ်ဆောင်နေကြတဲ့ ကမ်းဝေးငါးဖမ်းလှေတွေအနေနဲ့ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေရဲ့ ရှေ့ရေးကို ရှေးရှုပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ရပ်တန့်ကြဖို့နဲ့ လေးစားလိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ပါက ဥပေဒနဲ့အညီ ဖမ်းဆီးအရေးယူခံရမယ်လို့  သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013