DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၀ ခုကျော်ထပ်တိုး၊ ၄၇၀ နီးပါးရှိလာ
DVB
·
September 12, 2023
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၀ ခုကျော်ထပ်တိုး၊ ၄၇၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အရေအတွက် ၄၇၀ နီးပါးရှိလာပြီး သြဂုတ်လအတွင်း အေဂျင်စီအသစ် ၁၂ ခု ထပ်တိုးဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက် တရှိန်ထိုး ဖွင့်လှစ်လုပ်ကိုင်တာ များလာတာဖြစ်ပြီး အဲဒီမတိုင်ခင်က အေဂျင်စီ ၃၀၀ လောက်သာ ရှိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီအသစ်တွေ ဖောင်းပွနေတာကို စိစစ်ပြီး အမှန်တကယ် လုပ်ကိုင်နိုင်မယ့်သူတွေကိုသာ ခွင့်ပြုမယ်လို့ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပေမဲ့ နောက်ထပ်အေဂျင်စီတွေက ထပ်တိုးလာနေဆဲဖြစ်တယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။

လုပ်သက်ရင့် အေဂျင်စီတခုမှ ကိုယ်စားလှယ်တဦးက “နောက်ပိုင်းဝင်လာတဲ့ အေဂျင်စီတွေထဲမှာ စစ်တပ်နဲ့ဆက်နွှယ်နေသူတွေ ပါတယ်။ စိစစ်ခွင့်ပြုမယ် ပြောပေမဲ့ အခြေအနေ ထူးလာတာ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အေဂျင်စီတွေသာ အဆမတန် တိုးလာပေမဲ့ ပြည်ပအလုပ်အကိုင်စျေးကွက်ကတော့ သာမန်လောက်သာ ရှိနေတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“မလေးရှားဆိုရင် ခေါ်စာအသစ်မရှိဘူး။ လောက်လောက်လားလားဆိုလို့ ထိုင်းပဲရှိတယ်။ ဂျပန်စျေးကွက်ဆိုရင်လည်း အေဂျင်စီတွေ အသည်းအသန် ပြုံတိုးနေကြတာ။ ခေါ်စာက အဲဒီလောက်ရှိမနေဘူး။ အေဂျင်စီကသာ များနေတာ။”

ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်လျှောက်ထားသူတွေအနေနဲ့ မန်နေဂျင်းဒါရိုက်တာ တဦးတည်းအမည်နဲ့ ဘဏ်မှာ ကျပ်သိန်း ၁,၀၀၀ စုဆောင်းထားရှိကြောင်း သက်သေပြရမှာဖြစ်သလို လစဥ်ငွေရှိနေမှု အခြေအနေ တင်ပြရမယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ခြောက်လပြည့်ပြီးရင် ဘဏ်ကနေထုတ်ပြီး လှည့်လည်သုံးစွဲခွင့်ရှိပေမဲ့ လိုင်စင်သက်တမ်းတိုး လျှောက်ရာမှာ ဘဏ်ထဲ ကျပ်သိန်း ၁,၀၀၀ ရှိတဲ့ အချက်အလက် ပြန်ပြရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အနေနဲ့ နိုင်ငံအလိုက် နှစ်စဥ် အနည်းဆုံးပို့ရမယ့် အလုပ်သမားစာရင်းကိုလည်း လိုင်စင်စည်းကမ်းချက်မှာ ထည့်သွင်းထားပါတယ်။

အဲဒီစည်းကမ်းချက်မှာ နိုင်ငံအလိုက် လုပ်သားပို့မယ့် အေဂျင်စီတခုချင်းအလိုက် တနှစ်ကို အနည်းဆုံး ထိုင်းကို ၁၅၀ ဦး၊ မလေးရှားကို ၄၀ ဦး၊ ဂျော်ဒန်ကို ၂၅ ဦး၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအိုကို ၁၀ ဦးစီနဲ့ ဂျပန်ကို ၆ ဦး ပို့ပေးနိုင်ရမယ်ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013