DVB Logo
Home
နိုင်ငံတကာ
အိမ်နီးချင်းများနှင့် အငြင်းပွားနေသည့် အီသီယိုးပီးယား ရေအားလျှပ်စစ်စက်ရုံ စီမံကိန်း အဆင့်တခု ပြီးစီး
DVB
·
September 12, 2023
အိမ်နီးချင်းများနှင့် အငြင်းပွားနေသည့် အီသီယိုးပီးယား ရေအားလျှပ်စစ်စက်ရုံ စီမံကိန်း အဆင့်တခု ပြီးစီး
Donate to DVB

အီသီယိုးပီးယားနိုင်ငံဟာ အီဂျစ်နဲ့ ဆူဒန်နိုင်ငံတို့ ကာလကြာရှည် ကန့်ကွက်ခဲ့တဲ့ ဘလူးနိုင်းမြစ်ပေါ်က အကြီးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ရေလှောင်ကန်တခုရဲ့ စတုတ္ထအဆင့်နဲ့  နောက်ဆုံးအဆင့်ကို ပြီးစီးခဲ့ပြီလို့ စက်တင်ဘာ ၁၀  ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန် ဒေါ်လာ  ၄ ဘီလီယံ ကုန်ကျတဲ့ Grand Ethiopian Renaissance Dam (GERD) ကို ၂၀၁၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ဒီစီမံကိန်းဟာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းဖို့ အရေးကြီးတယ်လို့ အီသီယိုပီးယားအာဏာပိုင်တွေက ရှုမြင်ထား ပါတယ်။

ဒါပေမဲ့ အီဂျစ်နဲ့ ဆူဒန်တို့က ဒီစီမံကိန်းဟာ သူတို့အတွက် အရေးပါတဲ့ ရေပေးဝေမှုကို ဆိုးဆိုးရွားရွားခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ယူဆထားပါတယ်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ကျော် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး အီသီယိုးပီးယားဟာ GERD ကို အာဖရိကရဲ့ အကြီးမားဆုံး ဓာတ်အား တင်ပို့ရောင်းချသူ ဖြစ်လာစေဖို့ ကြိုးပမ်းမှုရဲ့ အဓိကအချက်အဖြစ် ရှုမြင်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013