DVB Logo
Home
မြန်မာသတင်း
ဆီတန်းစီ မဝယ်နိုင်သူများ စားသုံးဆီကို မှောင်ခိုဝယ်သုံးနေရ
DVB
·
September 11, 2023
ဆီတန်းစီ မဝယ်နိုင်သူများ စားသုံးဆီကို မှောင်ခိုဝယ်သုံးနေရ
1 / 2
Donate to DVB

စားအုန်းဆီကို သတ်မှတ်စျေးနဲ့ရောင်းချတဲ့ဆိုင်တွေမှာ တန်းစီဝယ်ဖို့ အခက်အခဲရှိနေသူတွေအနေနဲ့ အပြင်ဆိုင်တချို့ကနေ မှောင်ခို ဝယ်ယူအသုံးပြုနေကြရတယ်လို့ ကာယကံရှင် ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီက စားအုန်းဆီ စျေးကျဆင်းဖို့ဆိုပြီး စျေးတင်ရောင်းချသူတွေနဲ့ ဆီအသင်းဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူတချို့ကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်လိုက်ပြီးနောက်မှာ စျေးကွက်အတွင်း စားအုန်းဆီကို ပြောင်ပြောင်တင်းတင်းရောင်းချမူရပ်သွားပါတယ်။

စစ်ကောင်စီညွှန်ကြားချက်နဲ့ စားသုံးဆီအသင်းက တာဝန်ယူရောင်းချတဲ့ ဆိုင်တချို့မှာ သက်မှတ်ရည်ညွှန်းစျေးအတိုင်း တန်းစီဝယ်ယူစေတဲ့စနစ် အကောင်အထည်ဖော်နေပေမယ့် သုံးစွဲသူအားလုံးလက်ထဲ မရောက်ရှိဘူးလို့ ပြည်သူတချို့က ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်နေ အိမ်ရှင်မတဦးက "တန်းစီစနစ်နဲ့ရောင်းတဲ့ နေရာတွေဆိုလည်း တကယ်လိုတဲ့သူထက် လိုက်နေရာဦးဝယ်တဲ့သူတွေက များနေတယ်။ တန်းစီဝယ်ဖို့ အဆင်မပြေတဲ့ ရုံးသမားတွေ၊ အသက်ကြီးပိုင်းတွေဆို အပြင်ကပဲ ပြန်ဝယ်ရတာ" လို့ ပြောပါတယ်။

တန်းစီစနစ်နဲ့ ရောင်းချတဲ့နေရာတွေမှာ လူတဦးကို ဆီ ၅၀ သား၊ ၁ ပိဿာ စသဖြင့် ရောင်းပေးနေတာဖြစ်ပြီး ၁ ပိဿာစျေး ကျပ် ၄၅၀၀ နီးပါးသာရှိပါတယ်။

အပြင်ဆိုင် တွေမှာတော့ စားအုန်းဆီကိုအရောင်းပိတ်ထား ပြီးတန်းစီစနစ်နဲ့ဝယ်ဖို့ အခက်အခဲရှိသူတွေက ရောင်းသူ၊ ဝယ်သူနားလည်မူနဲ့ ဆီနာမည်ပြောင်းရောင်းတဲ့ မှောင်ခိုစျေးကွက် ရှိနေတာလို့ စျေးကွက်က သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတဦးက "စားအုန်းဆီဆိုပြီး စျေးကွက်မှာမရောင်းတော့ဘူး။ အရောဆီ (ပဲဆီနဲ့စားအုန်းဆီ) ဆိုတာပဲ ရှိတော့တယ်။ အဲဒါလည်း လူရင်းတွေလောက်ပဲ ဝယ်လို့ရတာ" လို့ ပြောပါတယ်။

အရောဆီက စျေးကွက်မှာ ၁ ပိဿာ ကျပ် ၁ သောင်းအထိ ပေါက်စျေးရှိနေတာလို့လည်း စျေးကွက်အတွင်းက စုံစမ်းသိရပါတယ်။

စစ်ကောင်စီအနေနဲ့ ကုန်စျေးနူန်းကြီးမြင့်နေမူကို ထိန်းချုပ်မယ်ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ အရောင်းဆိုင်တွေကို ဖမ်းဆီးမှုတွေ လုပ်နေပေမဲ့ လက်ရှိအချိန်အထိ အလုပ်မဖြစ်ဘူးလို့ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013