DVB Logo
Home
မြန်မာသတင်း
စစ်တွေဒေသခံ ၂ ဦးကို အေအေနှင့် ဆက်နွှယ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
DVB
·
September 11, 2023
စစ်တွေဒေသခံ ၂ ဦးကို အေအေနှင့် ဆက်နွှယ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဒေသခံ ၂ ဦးကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၁၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသူတွေဟာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား ဦးဘသိန်း (၅၇ နှစ်) နဲ့ သက္ကယ်ပြင်ရွာနေ ဦးဆော်လိမ် (ခေါ်) မောင်မောင်ခင် (၅ဝ နှစ်) တို့ဖြစ်ပြီး နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ တဦးကို ထောင် ၂ နှစ်စီ ချမှတ်ခံရတာပါ။

ထောင်ဒဏ်ချမှတ်ခံရသူရဲ့ မိသားစုဝင်တဦးက “တယောက်ကို ထောင်နှစ်နှစ်စီ ချလိုက်တာပါ။ ထောင်ချချင်လို့ ပုဒ်မတွေပြောင်းပြီး မတရား တရားစွဲတင်ခဲ့ကြတာ။ သက်သေ အထောက်အထား ဘာမှမရှိပါဘူး” လို့ ပြောပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲကာလ ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်က စစ်တွေရှိ စစ်ကောင်စီ ရေတပ်အရာရှိ ၁ ဦးနဲ့ တပ်သား ၁ ဦးတို့ကို အေအေက ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့က အရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့ရာမှာ သူတို့ ၂ ဦးလည်း ပါဝင်သွားခဲ့တာပါ။

အဆိုပါဖမ်းဆီးခံခဲ့ရသူ ၂၁ ဦးအနက် တချို့က လွတ်မြောက်သွားခဲ့သူတွေရှိသလို လက်ရှိအချိန်ထိ အေအေနဲ့ ဆက်စပ်သံသယနဲ့ တရားစွဲခံနေရသေးသူတွေလည်း ရှိနေသေးတယ်လို့ စစ်တွေမြို့မှ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

ရခိုင်ဒေသမှာ လက်ရှိအချိန်ထိ အေအေနဲ့ ဆက်စပ်သံသယနဲ့ တရားရင်ဆိုင်နေရသူပေါင်း  ၁ဝဝ ကျော်ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေသူ အရပ်သားနဲ့ ဝန်ထမ်း ၅၀၀ ကျော်ရှိတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013