DVB Logo
Home
မြန်မာသတင်း
CDF တွန်းဇံစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးကျဆုံး
DVB
·
September 11, 2023
CDF တွန်းဇံစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးကျဆုံး
Donate to DVB

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွန်းဇံ အမှတ် ၂ စခန်းကို ဇိုမီးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ CDF တွန်းဇံတပ်ဖွဲ့ဝင် ရဲဘော်တယောက်  ကျဆုံးသွားတယ်လို့ CDF တွန်းဇံထံက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်က Zomi Revolutionary Army အဖွဲ့က CDF တွန်းဇံ အမှတ် ၂ စခန်းကို အလစ်အငိုက် ဝင်တိုက်ခိုက်ခံခဲ့ရပြီး လုံတပ်ရွာက ဒေသခံတွေရဲ့ ဆိုင်ကယ် ၂ စီးကိုလည်း လုယူ ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

CDF တွန်းဇံ ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန်က “တိုက်ပွဲအတွင်းမှာ ZRA အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာများစွာရရှိပြီး လုံတပ်ရွာဘက်ကို ထွက်ပြေးသွားကာ လုံတပ်ရွာက ဒေသခံတွေရဲ့ ဆိုင်ကယ် ၂ စီးကိုပါ လုယူသွားကြောင်း” လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။

ဇိုမီး ZRA အဖွဲ့အနေနဲ့ ချင်းလူမျိုးတို့ရဲ့ ခရစ်ယာန်ဥပုသ်နေ့ကို မရှောင်ဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စက်တင်ဘာ ၁၀ ရက်နေ့ဟာ CDF တွန်းဇံနဲ့ ဇိုလူမျိုးတွေအတွက် မမေ့နိုင်တဲ့ သွေးစွန်းတဲ့တနင်္ဂနွေနေ့ ဖြစ်တယ်လို့ CDF တွန်းဇံက ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ZRA ဘက်က ထုတ်ပြန်ထားခြင်းမရှိသလို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့‌ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဇိုမီးပြည်လုံခြုံရေးကဏ္ဍကို တာဝန်ထမ်းဆောင်နေကြတဲ့ မိမိတို့ ZRA အရှေ့ပိုင်းတိုင်းအဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိဘဲ ဇိုမီးပြည်မှာ လာရောက်နေထိုင်ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဇိုမီးပြည်ကနေ ထွက်ခွာသွားကြဖို့ ZRA အဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၃၁ ရက်ကလည်း ZRA အဖွဲ့က စစ်ကောင်စီနဲ့ ပူး‌ပေါင်းကာ CDF တွန်းဇံ တပ်ရင်း ၃ ရဲ့ ယာယီစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ CDF တွန်းဇံ ရဲ‌ဘော်တဦး ကျဆုံးပြီး ရိက္ခာတွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းခံခဲ့ရပါသေးတယ်။

Photo-CDF တွန်းဇံ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013