DVB Logo
Home
အားကစား
အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဥ်ပြိုင်မည်
DVB
·
September 11, 2023
အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဥ်ပြိုင်မည်
Donate to DVB

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာကျင်းပမယ့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအ​သင်းအနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ဝင်‌ေရာက်ယှဥ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အုပ်စု င မှာ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဟောင်ကောင်တို့နဲ့ ကျရောက်နေပါတယ်။

အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အသင်း ၁၇ သင်း ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

​မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ ၂၂ ရက်မှာ တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၅ ရက်မှာ ဟောင်ကောင်အသင်း၊ စက်တင်ဘာ ၂၈ ရက်မှာ ဖိလစ်ပိုင်အသင်းတို့နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းကို ဂျပန်လူမျိုးနည်းပြ ယူကီတက်ဆုရို ကိုင်တွယ်နေပြီး လက်ရှိအချိန်မှာ ထိုင်းနိုင်ငံမှာ ကစားသမား ၂၅ ယောက်နဲ့ လေ့ကျင့်ခန်းဆင်းနေပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

Photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013