DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်ဖြစ်နိုင်၊ ရေကြီးမြေပြို သတိပေး
DVB
·
September 11, 2023
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်ဖြစ်နိုင်၊ ရေကြီးမြေပြို သတိပေး
Donate to DVB

စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဌာနက စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက် ခန့်မှန်းထုတ်ပြန်ပါတယ်။

အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာလ ၁၄ မှ  ၂၀ ရက် အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသကနေ ဆုတ်ခွာသွားဖွယ်ရာရှိပြီး  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုတ်သုံလေ အားအလွန်ကောင်းလာနိုင်တာနဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်း အရှိန်ကြောင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့နေရာတွေ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီး၊ လေပြင်းတိုက်ခတ်နိုင်တယ်လို့  သတိပေးထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက် လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ  ၁၂ ပေရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်း၊ လေပြင်းတိုက်၊ ရုတ်တရက်ရေကြီး၊ မြေပြို စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင် သတိပြုဖို့ မိုးဇလက အကြံပြုပါတယ်။

ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်၊‌ သင်္ဘောတွေ ကြိုတင် သတိပြုနိုင်ဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013