
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အိန္ဒိယနိုင်ငံ၊ မြို့တော်နယူးဒေလီမှာ G20 ထိပ်သီးအစည်းအဝေးကို တက်ပြီးတဲ့နောက် စက်တင်ဘာ ၁၀ ရက်က Air Force One လေယာဉ်နဲ့ ဗီယက်နမ်နိုင်ငံဆီ ဆက်လက်ထွက်သွားခဲ့ပါတယ်။
ခရီးစဉ်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ အရေးပါတဲ့ သတ္တုတွေကိစ္စကို အဓိကထား ဆွေးနွေး မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
ဘိုင်ဒင်ဟာ ဗီယက်နမ်ဆီ မထွက်ခွာမီ G20 ထိပ်သီးအစည်းအဝေးရဲ့ နောက်ဆုံးအစည်းအဝေးကို မတက်ခဲ့ပါဘူး။
ဒါ့အပြင် ရုရှားကိုယ်စားလှယ်အဖွဲ့တွေကို ဦးဆောင်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ်နဲ့ တရုတ်ဝန်ကြီးချုပ်လီချန်တို့နဲ့ အမေရိကန် သမ္မတ ဘိုင်ဒင်တို့အကြား ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ရုရှားအစိုးရကို တိုက်ရိုက်ဝေဖန်ခြင်းမပြုဘဲ G20 ထိပ်သီးဆွေးနွေးပွဲကို ရုရှားနဲ့ အမေရိကန်နှစ်နိုင်ငံစလုံးက ချီးကျူးဂုဏ်ပြုခဲ့ ကြပါတယ်။
အစုအဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ တနင်္ဂနွေနေ့မှာ ဆွေးနွေးမှုနောက်ဆုံးနေ့အဖြစ် ဦးတည် ဆွေးနွေးသွားပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဟာ စစ်ပွဲအတွက် ရုရှားကို မရှုတ်ချဘဲ ရှောင်ရှားခဲ့ပြီး နယူးဒေလီမှာ သဘောတူညီချက်တစ်ရပ်ကို စနေနေ့က လက်ခံကျင့်သုံးခဲ့ပါတယ်။
ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့တဲ့ လူသားတွေ ဒုက္ခရောက်မှုကို မီးမောင်းထိုးပြပြီး နယ်မြေသိမ်းပိုက်ရေး အင်အားမသုံးကြဖို့ နိုင်ငံအားလုံးကို တောင်းဆိုခဲ့ပါတယ်။
Source/Photo-Reuters










