DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စွဲထားသည့် မင်းလှမြို့၊ ခါချဉ်တောင်စခန်းကို PDF များ တိုက်ခိုက်
DVB
·
September 10, 2023
စစ်ကောင်စီတပ်စွဲထားသည့် မင်းလှမြို့၊ ခါချဉ်တောင်စခန်းကို PDF များ တိုက်ခိုက်
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ စိန်ကန့်လန့်-ရိုးမဖြတ်ကျော်လမ်း၊ ခါချဉ်တောင် သစ်တောစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သစ်တောဝန်ထမ်း အယောက် ၃၀ ကျော်ရှိတဲ့ အဲဒီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

သာယာဝတီ ခရိုင်တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက “ညပိုင်းထဲက ၄၀ မမ လက်နက်ကြီးနဲ့ အရင်ပစ်တာ။ မနက်အစောပိုင်း စခန်းကိုဝင်တိုက်တော့ နှစ်ဖက် ပစ်ခတ်မှုတွေရှိတယ်။ သူတို့(စကစတပ်ဖွဲ့ဝင်)တွေ စစ်ကူတောင်းတာကို မပေးလို့ဆိုပြီး စခန်းထားပြေးတယ်လို့ သတင်းပြန်ကြားရတယ်။ ကျနော်တို့ စခန်းပေါ်တက်တော့ အကုန်မရှိတော့ဘူးလို့” ဒီဗွီဘီကို ပြောပါတယ်

ခါချဉ်တောင် သစ်တောစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းချဂိတ်ဖွင့်ပြီး သစ်မှောင်ခို ကားတွေဆီက သစ်ကား ၁ စီးကို ၈ သိန်းကျပ်လောက်အထိ တောင်းခံနေတာလို့ သိရပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်နဲ့ သစ်တောဝန်ထမ်း အယောက် ၂၀ ရှိပြီး အရင်ကတော့ စစ်ကောင်စီ အင်အား အယောက် ၆၀ လောက်အထိ ရှိခဲ့ပါတယ်။

ခါချဉ်တောင်တပ်စခန်း တိုက်ခိုက်မီးရှို့ခံရအပြီးမှာ ကျောက်တံခါးမြို့နယ် ခမရ ၃၀၇ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တပ်ရင်းတာဝန်ခံက ပြောပါတယ်။

Photo : သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013