DVB Logo
Home
မြန်မာသတင်း
စစ်တပ်စခန်း ၁ ခုကို KNU သိမ်းပိုက်
DVB
·
September 10, 2023
စစ်တပ်စခန်း ၁ ခုကို KNU သိမ်းပိုက်
Donate to DVB

ကရင်အမျိုးသားအစည်းရုံး၊ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီရဲ့ ခေးပူတပ်စခန်းကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ကျောင်းသား ၃ ယောက်နဲ့ ကျောင်းဆရာ ၁ ယောက်သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ဘက်က အသေအဆုံးများသလို လက်နက်ခဲယမ်းတွေ အများကြီး ရထားပြီး KNLA၊ PDF ပူးပေါင်းဘက်ကလည်း ထိခိုက်တာတွေရှိတာကြောင့် အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

တပ်မဟာ ၅ တာဝန်ရှိသူက "စက်တင်ဘာ ၆ ရက်နေ့ မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီ ၂၀ မိနစ်အချိန်မှာ စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးတပ်ဖွဲ့၊ ပူးပေါင်း တပ်ဖွဲ့တွေက ဖာပွန်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခေးပူတပ်စခန်းကို သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ၆ ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်စခန်းကိုသိမ်းပြီး နောက်တရက်အကြာ စက်တင်ဘာ ၇ ရက်မှာ လယ်မူပလောရွာ အုပ်စုက ကော်ရိုဘောထာရွာ၊ ခေးပူရွာအုပ်စုက သေသူးခီးရွာ၊ ပေးကေးကျေးရွာအုပ်စုက ဒေဘူးနိုရွာနားကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးရွာအုပ်စုက ထီးဂေါ်ထာရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာမှာတော့ ကျောင်းသားကလေးငယ် ၃ ယောက်နဲ့ ကျောင်းဆရာ ၁ ယောက်တို့ သေဆုံးပြီး ၇ ယောက် ဒဏ်ရာရသွားပါတယ်။

KNU တပ်မဟာ ၅ ရဲ့ တာဝန်ရှိသူက “ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေး တိမ်းရှောင်ရတာ။ တောထဲတောင်ထဲဘက်ကို၊ မိုးကလည်းရွာပြန်တော့ နေဖို့ စားသောက်ဖို့၊ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်ချက်တွေ ရှိကြတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က လေကြောင်းတိုက်ခိုက်မှုမှာလည်း အမျိုးသား ၁ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ်၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013