DVB Logo
Home
မြန်မာသတင်း
အထွက်နည်းပြီး ဈေးကျ၍ မြေပဲစိုက်တောင်သူများ အရှုံးပေါ်
DVB
·
September 9, 2023
အထွက်နည်းပြီး ဈေးကျ၍ မြေပဲစိုက်တောင်သူများ အရှုံးပေါ်
Donate to DVB

စျေးကောင်းမရတာနဲ့ မိုးခေါင်ပြီး အထွက်နည်းတာကြောင့် မြေပဲစိုက် တောင်သူတွေ အဆင်မပြေဖြစ်ပြီး အရှုံးပေါ်တဲ့အထိ ဖြစ်နေပါတယ်။

မြေပဲအတောင့်စျေးနှုန်းဟာ သြဂုတ်က တတင်း ကျပ် ၃၀,၀၀၀ အထိရှိပေမယ့် စက်တင်ဘာ ၈ ရက်နေ့မှာတော့ တတင်းကို ကျပ် ၂၂,၀၀၀ ဖြစ်သွားလို့ ၁ လအတွင်း တတင်းကို ကျပ် ၈,၀၀၀ အထိ ကျသွားပါတယ်။

အောင်လံရှိမြေပဲစိုက်တောင်သူတယောက်က "စျေးကွက်တွေက ဘာတွေဖြစ်နေမှန်း မသိပါဘူး။ တောင်​သူတွေရောင်းတဲ့စျေးရော၊ လက်ကားစျေးတွေရော ကျပြီး လက်လီစျေးက ကောင်းနေတာ။ ပထမလက တတင်းကို ၃၀,၀၀၀ ရခဲ့တယ်ဆိုပေမယ့် အခု ၂၃,၀၀၀ လောက်နဲ့ ဝယ်မယ့်သူ မရှိတော့ဘူး။ တချို့ဆို ၂ သောင်းတောင် ရောင်းလို့ မထွက်ဘူး​ဖြစ်နေတာ။ ကုန်ကျစရိတ်တွေလည်း အရင်နှစ်တွေကထက် ပိုများလာပေမယ့် စျေးမကောင်းတဲ့အပြင် ကျပါကျသွားလို့ ဘယ်တောင်သူမှ အဆင်ပြေတယ်ဆိုတာ မရှိပါဘူး" လို့ပြောပါတယ်။

မြေပဲစိုက်တောင်သူတွေဟာ တဧကကို မြေပဲဆန် ၂ တင်း စိုက်ပျိုးရပြီး နွားချေး၊ မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ လုပ်အားခ စုစုပေါင်း တဧကကို ကုန်ကျစရိတ် ၅ သိန်းလောက် ကုန်ရှိပါတယ်။

မြေနဲ့ ရာသီပေါ်မူတည်ပြီး တဧကကို ပျှမ်းမျှ တင်း ၃၀ ကနေ ၄၅ တင်း အထိ ထွက်ရှိတတ်ပေမဲ့ မကွေတိုင်းနေရာအများစုမှာ အခုနှစ် ထူးထူးခြားခြား မိုးခေါင် နေတာကြောင့် တဧကကို ၈ တင်းကနေ ၁၀ တင်းလောက်အထိပဲ ထွက်လို့ အရှုံးပေါ်နေတယ်လို့ မကွေးက မြေပဲစိုက်တောင်သူ​တယောက်က ပြောပါတယ်။

"မိုးကသုံးလအတွင်းမှာတောင် ဖွဲဖွဲလေး ၂ ခါလောက်ပဲရွာတာ။ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီတခေါက် မြေပဲတူးတာ အထွက်က ၄ ပုံ ၁ ပုံလောက် လျော့တဲ့အပြင်ကို စျေးက ထပ်ကျသေးတယ်။ တချို့သူတွေဆို မြေပဲ မဥလို့ အခင်းပါ ဖျက်ရတဲ့သူတွေရှိတယ်။ မိုးမြေပဲစိုက်တဲ့တောင်သူတွေ နည်းတာ များတာပဲကွာတာ။ အကုန် အရှုံးပေါ်ကြတယ်။ အစစအရာရာ စျေးနှုန်းမြင့်လို့ စိုက်စရိတ်တွေမြင့်တဲ့အချိန်မှာ အခင်းကဖျက်၊ စျေးက​မကောင်းဆိုတော့ ဘာမှတောင်လုပ်ချင်စိတ် မရှိတော့ပါဘူး" လို့ ပြောပါတယ်။

မြေပဲအတောင့်စျေးနှုန်းကျသလို မြေပဲလုံးဆန်စျေးနှုန်းဟာလည်း ၄ ရက်အတွင်း တပိဿာ ကျပ် ၇,၅၀၀ ကနေ ကျပ် ၆,၀၀၀ အထိ ကျဆင်းသွားပါတယ်။

မြေပဲအသစ်တွေပေါလာတာနဲ့ မြေပဲဆီကြိတ်ခွဲသူနည်းလာပြီး ဆီစက်သမားတွေ မြေပဲလုံးဆန် အဝယ်နည်းတာကြောင့် ဈေးကျသွားတာဖြစ်နိုင်တယ်လို့ ​ မြေပဲစျေးကွက် လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ အောင်လံ၊ မကွေး၊ ပြည်၊ မန္တလေးရှိ မြေပဲ​စိုက်ပျိုးတဲ့ နေရာတွေက မြေပဲဆန်တွေ ထွက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013