DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထုတ်ကုန် သပိတ်မှောက်လှုပ်ရှားတွင် ကျောင်းသားများမပါဝင်ရန် စစ်တပ်တားမြစ်
DVB
·
September 8, 2023
စစ်တပ်ထုတ်ကုန် သပိတ်မှောက်လှုပ်ရှားတွင် ကျောင်းသားများမပါဝင်ရန် စစ်တပ်တားမြစ်
Donate to DVB

ဒဂုံတက္ကသိုလ်‌ကျောင်းဝန်းအတွင်း စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ နောက်ပိုင်း ကျောင်းစာသင်ခန်းမှာ အရပ်ဝတ်ရဲနဲ့ စစ်သားတွေ ဝင်ရောက်ပြီး ကျောင်းသားတွေကို လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ လာရောက်ပြောဆိုခဲ့တယ်လို့ ကျောင်းသားတွေဆီက သိရပါတယ်။

“စာကိုပဲ အလေးထားသင်ကြဖို့၊ ဒီလိုလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့ ပြောပါတယ်။ နောက်ပြီး ကျောင်းသားကတ်တွေကို ရုပ်နဲ့တွဲပြီး စစ်သွားကြပါတယ်” လို့ ကျောင်းသားတယောက်က ပြောပါတယ်။

စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို မဖြစ်မနေ ရောင်းချကြဖို့နဲ့ ကုန်စုံဆိုင်တွေကို ကြပ်မတ်ဆောက်ရွက်စေဖို့ စက်တင်ဘာလ ရက်စွဲနဲ့ ဌာနတွင်း ညွှန်ကြားချက်စာ တစောင်လည်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

သပိတ်မှောက်လှုပ်ရှားမှု ဦးဆောင်ကျောင်းသားတယောက်က “ပြီးတော့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေးလှုပ်ရှားမှုကို တန်ပြန်လုပ်ဆောင်ဖို့ စစ်ကောင်စီက ဆိုင်ပိုင်ရှင်တွေကို အတင်းအကျပ် ဖိအားပေး ရောင်းချခိုင်းနေတယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီထုတ် မြန်မာဘီယာ မရောင်းချတဲ့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က ဆိုင်ခန်း ၃၀ ကျော်ကိုလည်း မြို့နယ်ထွေအုပ်နဲ့ စည်ပင်က ငွေကျပ် ၁၀ သိန်းထက်မနည်း ဒဏ်ကြေးပေးဆောင်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအင်အားစု‌ေတွက စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေး ကနဦးအနေနဲ့ မြန်မာ ဘီယာ (Myanmar Beer)၊ အန်ဒမန်တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)၊ ဒဂုံတံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)၊ မန္တလေး ဘီယာ၊ ရမ် (Mandalay)၊ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)၊ အာမီရမ် (Army Rum)၊ Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ကို လုံးဝမသုံးစွဲကြဖို့၊ မဝယ်ယူကြဖို့နဲ့ မရောင်းချ လှုပ်ရှားမှုကို စက်တင်ဘာ ၇ ရက်က ဒဂုံတက္ကသိုလ်ကျောင်းတွင်း ကျောင်းသားတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းလှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013