DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၌  ၂ နှစ်အတွင်း စစ်ကောင်စီစခန်း ၉ ခု သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်
DVB
·
September 8, 2023
ချင်းပြည်နယ်၌  ၂ နှစ်အတွင်း စစ်ကောင်စီစခန်း ၉ ခု သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်
Donate to DVB

ချင်းပြည်နယ်မှာ ခုခံတော်လှန်စစ် ၂ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ် ပထမတွန်းလှန်စစ်မှာတော့ စစ်ကောင်စီစခန်း တခုသာ သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိမှာတော့ စစ်ကောင်စီစခန်း ၈ ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၁-၂၀၂၂ တွန်းလှန်စစ်အတွင်း တိုက်ပွဲပေါင်း ၃၀၄ ကြိမ် ဖြစ်ပွားပြီး ၂၀၂၂-၂၀၂၃ ဒုတိယတွန်းလှန်စစ်မှာတော့ တိုက်ပွဲပေါင်း ၂၆၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း ၉ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ ချင်းကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲတွေအတွင်းမှာ တီးတိန်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ် စတဲ့ တပ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “စစ်ကောင်စီ အထိုင်တပ်စခန်းတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ CNF အနေနဲ့လည်း စစ်ကောင်စီတပ်စခန်း ၅ ခု သိမ်းပိုက်ထားနိုင်ခဲ့တယ်။ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေကတော့ လက်ရှိ ငြိမ်နေတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

၂၀၂၁ စက်တင်ဘာ ၇ ရက်ကစပြီး “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ၊ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဆိုတဲ့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013