Home
မြန်မာသတင်း
ပေါင်းတည်မြို့၌ ဘုရားပွဲကျင်းပစီစဉ်နေစဉ် အသံဗုံး ဗုံးပေါက်ကွဲ 
DVB
·
September 8, 2023
376683866_214170474972187_962749003755263968_n

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ ရန်ကုန်-ပြည်လမ်းမကြီး‌အနီး ဘုရားကြီးဝင်းထဲမှာ ဒေသဆိုင်ရာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဘုရား‌ဂေါပကတွေ စွယ်တော်အပူဇော်ခံပွဲ ကျင်းပဖို့ လုပ်ဆောင်နေစဉ် အသံဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၇ ရက်၊ နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက်က ဗုဒ္ဓမြတ်စွယ်တော် ဘုရားပွဲတော်ကျင်းပဖို့ စစ်ကောင်စီက လုပ်ဆောင်နေတဲ့အတွက် ဗုံးတလုံး သတိပေးဖောက်ခွဲတာလို့ နွေဦးမောင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ပေါင်းတည်မြို့ခံတဦးက "အသံကတော့အကျယ်ကြီးပဲ။ စွယ်တော်လှည့်ရင် ဆင်ဦးတိုက်တဲ့နေရာမှာ ပေါက်ကွဲတာ၊ ထိခိုက်မိတာတော့မရှိဘူး၊ အသံဗုံးထင်တယ်။ လုံခြုံရေးတွေ အများကြီးရောက်လာပြီး စစ်ဆေးမှုတွေလုပ်တယ်၊ ဖမ်းဆီးခံရတဲ့သူတော့မရှိဘူး။ အခုလိုဖြစ်တော့ လူတော့ နည်းသွားတာပေါ့” လို့ ပြောပါတယ်။ 

ကိုဗစ်ရောဂါ မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားချိန်ကတည်းက ဘုရားပွဲကျင်းပတာကို ရပ်နားထားတာဖြစ်ပြီး အခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ စွယ်တော်တိုက်ဖွင့်ကာ ဘုရားပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်ခဲ့တာလို သိရပါတယ်။

‌ပြည်သူတွေ စားဝတ်နေရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေချိန် စစ်ကောင်စီက ဟန်ပြဘုရားပွဲတွေ ကျင်းပဖို့ စီစဉ်နေတဲ့အတွက် ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ဖို့ သတိပေးဖောက်ခွဲ့ခဲ့တာလို့ ပေါင်းတည်မြို့အခြေစိုက် နွေဦးမောင် မြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024