DVB Logo
Home
မြန်မာသတင်း
ဘုတလင်၊ ယင်းမာပင်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
September 7, 2023
ဘုတလင်၊ ယင်းမာပင်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  စက်တင်ဘာ ၇ ရက် ဒီမနက် ၁၀ နာရီကျော်က ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ဘုတလင်-ကနီ-ကနဲ လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခအခြေစိုက် ကာကွယ်ရေးခေါင်းဆောင်တဦးကပြောပါတယ်။ 

“ကျနော်တို့က ဘဏ်နဲ့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ (--)တွေကို ပစ်ခတ်ရအောင်လို့ ချဉ်းကပ်တာပေါ့။ အဲဒါကို စစ်(--)ကင်းပုန်းနဲ့ ထိပ်တိုက်တိုးတယ်။ ကံကောင်းချင်တော့ စခတွေက က‌ျေနာ်တို့ကို သူတို့စစ်ကောင်စီတပ်ကလို့ ထင်ပြီး ဒီဘက်ကိုလာ ဆိုပြီး ခေါ်တယ်။ ကျနော်တို့က စခတွေဆိုတာကို သိလို့ လက်ဦးမှုရယူပြီး အပိုင်ပစ်ခတ်ခဲ့တာဗျ။‌ ကျနော်တို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာက ရဲတဦးနဲ့ စခ ၂ ဦးကတော့ နေရာတင်သေတယ်။ ရဲတပ်သား ဖိုးထူးကိုင်တဲ့ G3 တလက်ကတော့ ကျနော်တို့ဘက်က ကောက်လာနိုင်ခဲ့တယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိ တပ်ပြန်ဆုတ်လာနိုင်ခဲ့တယ်။”

အခုတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး ညီနောင်အဖွဲ့များအားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကာကွယ်ရေးအဖွဲ့ဘက်က ဝင်ရောက်ပစ်ခတ်ခံရပြီး ကနီ-ကနဲ-ဘုတလင်သွားရာ လမ်းပိုင်းကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှာလည်း သစ်ခိုးထုတ်​နေကြတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ Union Liberation Front (တပ်ပေါင်းစု) တို့ကြား စက်တင်ဘာ ၆ ရက် မနက် ၈ နာရီက တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူ ၁၅ ယောက်အထက် ရှိခဲ့တယ်လို့ ULF က ဒီနေ့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ULF ပြန်ကြားရေး တာဝန်ခံ ဂျော်ဒန်က “သူတို့က ကျောက်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ ၃ ရက် တပ်စွဲပြီးတော့ နောက်ရက် ဒီဘက် (စည်သူသစ်ကွင်း) ကိုထွက်တဲ့အချိန်၊ ရှေ့ပွိုင့်ဖြစ်ဖို့များပါတယ်၊ ကျနော်တို့နဲ့ တွေ့တာပါ။ အဲအချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်တာပေါ့ဗျာ။သူတို့ (စခ) ဘက်က အကျအဆုံးကတော့ ကျနော်တို့မျက်မြင် ၄ ​ယောက်ရှိပြီးတော့ တပ်တွင်းသတင်းအရ နောက်ထပ် ၅ ယောက်ကျတယ်၊ ၆ ယောက်က စိုးရိမ်ရတဲ့ဒဏ်ရာ အခြေအနေ ရရှိတယ်လို့ ကျနော်တို့ သတင်းထပ်ရပါတယ်။ ကျနော်တို့ ထုတ်ပြန်ထားတာကတော့ ခန့်မှန်းခြေ ၁၅ ယောက် ကျဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်ဗျ။”

တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်​ကောင်စီဘက်က အထိနာတဲ့အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၄ ကြိမ်တိတိ ပစ်ကူပေးခဲ့သေးကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ ULF (မဟာမိတ်တပ်ပေါင်းစု) မှ ရဲဘော် ၆ ဦး အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း MA1 နှစ်လက်၊ MA2 တလက်၊ 5.56 ကျည် ၄၀၀ တောင့်၊ ကျည်ဘောက် ၁၇ ဘောက်၊ Icon 1 လုံးနဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အခုတိုက်ပွဲကို ULF (တပ်ပေါင်းစု) မှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး Comrade Column (CC) မှ နဂါးညီနောင်တပ်ဖွဲ့ (DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင် တော်လှန်ရေး အင်အားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး (LPDF)၊ ဗိုလ်ထွန်းတောက် (LPDF)၊ Chindwin Myay Division PDF (တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှ ခွဲ-၁ Alpha Special Force၊ ခွဲ-၂ Triple Two Task Force၊ ခွဲ-၃ Chindwin Galone Yarzar Guerilla၊ ခွဲ-၄ Monywa Truth Of Force၊ ခွဲ-၅ Yinmarbin Local PDF၊ KLG Column တပ်ရင်း-၂၁၊ ၂၂၊ ၂၃ တို့ အပြင် ယင်းမာပင်ခရိုင် (တပ်ရင်း-၁၊ ၂)၊ YMB Column၊ B 21 PDF (တပ်ရင်း-၁၇)၊ PDA (တပ်ရင်း-၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်တွေမှာ စစ်ကောင်စီရဲ့ ရိက္ခာပို့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကန်နီကျေးရွာကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြိုင်-ပေါက်ပြင်း လမ်းဆုံမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မြိုင်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ကြတယ်လို့ မြိုင်မြို့နယ် ပကဖ  ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရိက္ခာပို့ကားတွေကို ဂွေးပင်လယ်ရွာ ချောင်းနားမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီကားတွေလည်း အဲဒီနေရာမှာပဲ ညအိပ် ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို စက်တင်ဘာ ၆ ရက် မနက် ၈ နာရီလောက်မှာ မြိုင်မြို့နယ်ပကဖ၊ မြိုင် UAV Fighter အဖွဲ့က ဦးဆောင်ကာ မောင်းသူမဲ့ လေယာဥ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို သံပရာခြံရွာနားမှာလည်း မြိုင်ပကဖ တပ်ရင်း-၃ ဗိုလ်လင်းမြွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး ကန်နီရွာဘက်ကို မထွက်နိုင်ဘဲ ရပ်တန့်နေရတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013