DVB Logo
Home
နိုင်ငံတကာ
အဆင့်မြှင့်ထားသည့် ဖိုင်ဇာ ကာကွယ်ဆေးက ကိုဗစ်မျိုးကွဲများကို တုံ့ပြန်နိုင်
DVB
·
September 7, 2023
အဆင့်မြှင့်ထားသည့် ဖိုင်ဇာ ကာကွယ်ဆေးက ကိုဗစ်မျိုးကွဲများကို တုံ့ပြန်နိုင်
Donate to DVB

ဒီနှစ်ဆောင်းရာသီမှာ သုံးဖို့ မျှော်လင့်ပြီး အဆင့်မြှင့်တင်ထားတဲ့ ဖိုက်ဇာ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီကထုတ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးကို ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အင်မတန်ကူးလွယ်တဲ့ ကိုဗစ် ဗီဇမျိုးကွဲ BA.2.86 ကို အားကောင်းကောင်း တုံ့ပြန်တာကို ကောက်ချက်ချနိုင်ခဲ့တယ်လို့ စက်တင်ဘာ ၆ ရက်မှာ ဖိုက်ဇာ ဆေးကုမ္ပဏီက ပြောပါတယ်။

ကိုဗစ်ဗီဇမျိုးကွဲ BA.2.86 ဟာ အရင်က ကိုဗစ်ကူးစက်ခံပြီးသားလူတွေ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသား လူတွေကိုပါ ပိုကူးစက်စေနိုင်လိမ့်မယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက အစောပိုင်းက ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

မိုဒါနာ ကုမ္ပဏီကတော့ လူတွေကို လက်တွေ့စမ်းသပ်လို့ရတဲ့ သတင်းအချက်အလက်တွေအရ အသစ် အဆင့်မြှင့်တင်ထားတဲ့ ကာကွယ်ဆေး ထိုးဆေးဟာ BA.2.86 ဗီဇမျိုးကွဲကို ထိရောက်မှုရှိရှိ ကာကွယ်နိုင်မယ့်ပုံ ပေါ်တယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပြောခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) တို့က ခြေရာခံထားတဲ့ BA.2.86 ကို လူသားတွေနဲ့ လက်တွေ့စမ်းသပ်ရာမှာ ကူးစက်မှုကို ဆန့်ကျင်တဲ့ ပဋိပစ္စည်းတွေ ၈ ဒသမ ၇ ဆ တိုးလာတယ်လို့ မိုဒါနာကုမ္ပဏီက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မိုဒါနာနဲ့ ဖိုက်ဇာတို့က သူတို့ရဲ့ ကာကွယ်ဆေးအသစ်တွေဟာ ကနဦး စမ်းသပ်ရာမှာ EG.5 နဲ့ FL.1.5.1 လို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲတွေအပေါ် အလားတူ ထိထိရောက်ရောက် တုံ့ပြန်တာကို အစောပိုင်းရလဒ်တွေက ပြခဲ့ပါတယ်။

မိုဒါနာရဲ့ ဥက္ကဋ္ဌ စတီဖင် ဟို့ဂ်က  “ကျနော်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအသစ်ဟာ လာမယ့် ဆောင်းဥတု ကာကွယ်ဆေးရာသီ ရောက်ခါနီးမှာ ကာကွယ်ရေးအတွက် အရေးကြီးတဲ့ ပစ္စည်းအဖြစ် ဆက်ရှိနေလိမ့်မယ် ဆိုတာ ဒီအချက်အလက်တွေက အတည်ပြုထားတယ်” လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုန်စည်များ စည်းကြပ်ရေး အေဂျင်စီက ဖိုက်ဇာ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီရဲ့ ကာကွယ်ဆေးကို အတည်ပြုအပြီး ဥရောပ စည်းကြပ်သူတွေကလည်း ကာကွယ်ဆေးကို အင်္ဂါနေ့က ကျောထောက်နောက်ခံ ပေးခဲ့ပါတယ်။

ဒါပေမဲ့ မိုဒါနာရဲ့ ကာကွယ်ဆေးအသစ်နဲ့ ပတ်သက်လို့ ဘယ်လိုကြေညာချက်မှ မထုတ်ပေးသေးပါဘူး။

အခုတော့ BA.2.86 ဗီဇမျိုးကွဲကို ဆွစ်ဇာလန်၊ တောင်အာဖရိက၊ အစ္စရေး၊ ဒိန်းမတ်၊ အမေရိကန်နဲ့ ဗြိတိန်တို့မှာ ထောက်လှမ်းတွေ့ရှိထားတယ်လို့ WHO အရာရှိတယောက်က ပြောပါတယ်။

ဗီဇမျိုးကွဲကို ထောက်လှမ်းဖို့ အရေးကြီးနေပေမဲ့ ကနဦး ကူးစက်မှုတွေနဲ့ လူထုကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ကမ္ဘာအနှံ့ ရောဂါပြီးစနစ် ကာကွယ်ရေး အရံအတားကြောင့် ပြင်းထန်တဲ့ ကူးစက်မှုတွေ၊ သေဆုံးမှုတွေ ဖြစ်ဖို့ အလားအလာ ရှိပုံမရဘူးလို့ ပညာရှင်အတော်များများက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013