DVB Logo
Home
နိုင်ငံတကာ
လာအို စီးပွားရေးကျဆင်းပြီး ငွေကြေးဖောင်းပွ၊ လုပ်သား ၂ သိန်းကျော် ထိုင်းသို့ ဝင်ရောက်
DVB
·
September 7, 2023
လာအို စီးပွားရေးကျဆင်းပြီး ငွေကြေးဖောင်းပွ၊ လုပ်သား ၂ သိန်းကျော် ထိုင်းသို့ ဝင်ရောက်
Donate to DVB

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံမှာ ငွေကြေးအဆမတန်ဖောင်းပွနေပြီး စီးပွားရေး တရိပ်ရိပ် ကျဆင်းနေတာကြောင့် နိုင်ငံသားတွေ ပြည်ပမှာ အလုပ်ထွက်လုပ်နှုန်း မြင့်မားလာကာ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ၂ သိန်းကျော် လာရောက်လုပ်ကိုင်နေရတယ်လို့ ပရချားချတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

လာအိုနိုင်ငံဟာ ဖွဲ့စည်းပုံအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတွေ သက်ရောက်မှုကြောင့် ပြည်တွင်းစီးပွားရေးကို ထိခိုက်လာပြီး ငွေကြေးတည်ငြိမ်မှုတန်ဖိုးကို ထိန်းသိမ်းနိုင်စွမ်း မရှိ‌တော့တာ၊ နိုင်ငံခြားဝင်ငွေတွေ လုံလောက်အောင် ရှာဖွေနိုင်ခြင်းမရှိတာ၊ ပြည်တွင်း လုပ်အားခ နည်းလွန်းတာတွေကြောင့် နိုင်ငံသားတွေဟာ ပြည်ပကိုထွက်ပြီး အလုပ်အကိုင် ရှာဖွေကြရတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံ အလုပ်သမားစီမံခန့်ခွဲရေးဌာန အနေနဲ့လည်း မိမိနိုင်ငံသားတွေ ပြည်ပမှာ တရားဝင် အလုပ်ထွက်လုပ်နိုင်ဖို့ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ အလုပ်သမား စေလွှတ်ရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။

ထိုင်းအလုပ်သမားဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ဒီ ၂၀၂၃ ခုနှစ်ထဲမှာ တရားဝင် နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားပေါင်း ၂ ဒသမ ၇ သန်းရှိပြီး ၂၀၂၃ ဇူလိုင်လထဲမှာ လာအို ရွှေ့ပြောင်းလုပ်သား ၂၂၄,၅၃၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံ ငွေကြေးဖောင်းပွမှုဟာ ထိုင်း-လာအိုနယ်စပ် ကုန်သွယ်မှုလုပ်ငန်းတွေကိုလည်း ထိခိုက်မှုရှိကြောင်း၊ လက်ရှိငွေလဲနှုန်းမှာ ထိုင်းငွေ ၁ ဘတ်ကို လာအိုငွေ ၆၀၀ - ၆၅၀  Kip  ကြားမှာရှိပြီး လာအိုနိုင်ငံအစိုးရက နိုင်ငံခြားငွေ တနေ့ကို ဒေါ်လာ ၁၀၀ ထိပဲ လဲလှယ်ခွင့် ပြုတယ်လို့ Top News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် ထိုင်း-လာအိုနယ်စပ် ရောင်းဝယ်ဖောက်ကားမှုတွေဟာ ကိုဗစ်-၁၉ မဖြစ်ခင်ကထက် ပိုမိုလျော့ပါးနေကြောင်း၊ ထိုင်းနိုင်ငံ လာအိုနယ်စပ်ဘက်က ဈေးသည်တွေဟာ လာအိုငွေနဲ့ ပေးချေတာထက် ထိုင်းငွေနဲ့ ပေးချေတာကိုသာ အလိုရှိလို့ လာအိုဘက်က လာရောက် ဝယ်ခြမ်းသူတွေလည်း ထိုင်းငွေကို သူတို့ငွေအများကြီးနဲ့ လဲလှယ်ရတာကြောင့် အလာကျဲသွားတယ်လို့ မဲခေါင်မြစ်ကမ်း ကျိန်းဆဲန်မြို့ ဒေသခံတဦးက သတင်းထောက်ကို ပြောပါတယ်။

လာအိုနိုင်ငံအနေနဲ့ အခုလို စီးပွားရေး တရိပ်ရိပ်ကျဆင်းလာတာဟာ တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေကြောင့်ရော၊ တရုတ်ချေးငွေရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့်ရော၊ စွမ်းအင်လောင်စာကို ပြည်ပကနေ တင်သွင်းရတာတွေကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ လာအိုအစိုးရဝန်ထမ်းတွေနဲ့လည်း ထဲထဲဝင်ဝင် စိုးမိုးနိုင်ပြီး သူတို့လုပ်ပိုင်ခွင့်အတွက် ဝန်ထမ်းတွေကို ငွေတွေပုံပေးတယ်၊ ဝန်ထမ်းတွေကလည်း လွယ်လွယ်ရတဲ့ငွေကို တန်ဖိုးမထား အသုံးအဖြုန်းကြီးကြတယ်၊ ဒါကြောင့် ‌ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ လာအိုနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၁၂၁ ခုနှစ်က နိုင်ငံခြားကြွေးမြီ ဒေါ်လာ သန်းပေါင်း ၁၀,၄၁၃ ဒသမ ၀၂ သန်းရှိပြီး အကြီးဆုံး ကြွေးရှင်ကတော့ တရုတ်နိုင်ငံလို့ ဆိုပါတယ်။

စီးပွားရေးက ဒီအတိုင်း ဆက်ပြီး ကျနေမယ်ဆိုရင် လာအိုနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလို ဒေဝါလီခံသွားရမယ့် အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့ Top News သတင်းမှာ သုံးသပ်ဖော်ပြသွားပါတယ်။

Source: Prachachat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013