DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဂျုံဈေးနှုန်း ဆက်တိုက်မြင့်တက်လာ
DVB
·
September 7, 2023
မြန်မာပြည်တွင်း ဂျုံဈေးနှုန်း ဆက်တိုက်မြင့်တက်လာ
Donate to DVB

မြန်မာပြည်ဈေးကွက်ထဲ ဂျုံတွေ အဝင်နည်းလာတဲ့အတွက် ဂျုံဈေးတွေ ဆက်တိုက်မြင့်တက်နေတယ်လို့ မန္တလေးဈေးကွက်ကနေ သိရပါတယ်။

မန္တလေးဈေးကွက်မှ ကုန်သည်တဦးက “ဈေးကွက်အတွင်းမှာလည်း ပစ္စည်းလက်ကျန်တွေက နည်းလာတယ်။ အရင် အိန္ဒိယကနေလည်း တင်သွင်းပေမဲ့ အခုက ဈေးကွက်ထဲမှာ မဝင်တာ ကြာနေပြီဆိုတော့ ပြည်တွင်းဂျုံဈေးက ဝယ်လိုအားများပြီး ဂျုံဈေးက မြင့်တက်လာတာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နေ့စဉ် ဈေးကွက်အတွင်း အိတ်ရေထောင်ဂဏန်းလောက်သာ အဝင်ရှိနေပေမဲ့ အဝင်ရှိသလောက် အဝယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဂျုံကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး နှစ်စဉ် ဧက ၂ သိန်းခွဲခန့် ထွက်ရှိပေမဲ့ ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး စိုက်ပျိုးစရိတ်ကြီးမြင့်မှု၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ​အပြင် နိုင်ငံတကာဈေးကွက်မှာ ဂျုံဈေးတွေ မြင့်တက်လာမှုနဲ့ ပြည်တွင်း ဂျုံသီးနှံထွက်နှုန်း နည်းလာတဲ့အတွက် ဈေးတွေ မြင့်တက်လာတာလို့ စိုက်ပျိုးသူတောင်သူတချို့က ပြောပါတယ်။

လက်ရှိ ဂျုံ (မျိုးစုံ) တအိတ်ကို ကျပ် ၁၈၀,၀၀၀ မှ ၂၂၀,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တပတ်အတွင်း တအိတ်ကို ကျပ်  ၂၀,၀၀၀  ဈေးမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ ဂျုံ(မျိုးစုံ) တအိတ်ကို ကျပ် ၁၅၀,၀၀၀ မှ ၁၆၅,၀၀၀ ခန့်သာ ရှိခဲ့ပြီး တနှစ်အတွင်း ဂျုံတအိတ်ကို ကျပ် ၆၀,၀၀၀ နီးပါး ဈေးမြင့်တက်လာပါတယ်။

ဂျုံက မတ်လ၊ ဧပြီလမှာ ထွက်ရှိပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အသစ်စတင်စိုက်ပျိုး​လေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013