DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်က နေအိမ်အလုံး ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရ၊ ယင်းမာပင်တွင် တိုက်ပွဲဖြစ်
DVB
·
September 7, 2023
ကသာမြို့နယ်က နေအိမ်အလုံး ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရ၊ ယင်းမာပင်တွင် တိုက်ပွဲဖြစ်
1 / 4
Donate to DVB

စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ကာ နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ စက်တင်ဘာ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငါးတဲကျေးရွာအုပ်စု၊ ပျဉ်ထောင်လေးကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ကာ နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“တပ်ရင်း ၁၂၁ နဲ့ တပ်မ ၇၇ က အင်အား ၈၀ လောက်က ငအိုးကျေးရွာကနေ ပျဉ်ထောင်လေးဘက် စစ်ကြောင်းထိုးလာတယ်။ ရွာအနီးနား တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အဲဒါကို ရွာထဲမဝင်ခင် လက်နက်ကြီးနဲ့ ၁၀ ချက်လောက် အရင်ထုပြီးမှ စစ်တပ်က ရွာထဲဝင်လာတယ်။ ရွာထဲရောက်တော့ ထိပ်ကနေ မီးစရှို့တော့တာပဲ။ နေအိမ် အလုံး ၃၀ ကျော်လောက် မီးလောင် ပျက်စီးသွားတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

နေအိမ်အလုံး ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပျဉ်ထောင်လေးကျေးရွာဟာ ငအိုးကျေးရွာနဲ့ ၅ မိုင်ခန့်သာဝေးပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားနေခဲ့တဲ့အတွက် ဖမ်းဆီးခံရသူ  ပစ်သတ်ခံရသူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ပျဉ်ထောင်လေးရွာကနေ ဖြတ်သန်းသွားလာတဲ့ မန္တလေး-ကသာ-ဗန်းမော်သွားကားလမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၆ ရက် မနက်မှာ စတင်ပိတ်ဆို့ထားတာကြောင့် ခရီးသွားကားနဲ့ ကုန်တင်ကား အစီးရေ ရာဂဏန်းနီးပါး ပိတ်မိနေတယ်လို ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကလည်း အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ  သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့‌နယ် စေသူကျေးရွာအနီး အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ ကျောက်ကုန်းရွာနဲ့ကြက်လျှာကျေးရွာအနီးမှာ စက်တက်ဘာ ၆ ရက် မနက် ၇ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီ သိရပါတယ်။

“(-) တွေက အထိုင်ချနေတာက စေသူရွာသစ်ကွင်းအနီးမှာ အထိုင်ချနေကြတယ်။ အခုဟာက ကြက်လျှာ၊ ကျောက်ကုန်းရွာအနီးက သစ်လုံးတွေ သယ်ဖို့လာတာကို ကျနော်တို့အဖွဲ့တွေ အလစ်ဝင်တိုက်ခဲ့တာဗျ။ တိုက်ပွဲက မနက်ခင်း ၇ နာရီကျော်က စဖြစ်တာ ၉ နာရီလောက်ကျတော့ တိုက်ပွဲက ပြီးသွားတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေတယ်ဗျ။ ကျနော်တို့ဘက်က လက်နက် ၃ လက်ကောက်လာနိုင်ခဲ့တယ်။ လက်နက်အမျိူအစားတွေက M2 သေနက် ၁ လက်၊ M1 သေနက် ၂ လက်ဗျ။ ကိုယ်ဘက်ကျတာ့ ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သေတယ်” လို့ ဒေသခံကာကွယ်ရေးအဖွဲ့တဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကို ယင်မာပင်ခရိုင်းတပ်ရင်း ၁ နဲ့ ၂ အပါအဝင် ဒေသခံပြည်သူကာကွယ်ရေး LPDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၆ ရက်က စတင်ပြီး စေသူရွာသစ်ကွင်း သစ်လုံးတွေ သယ်ယူဖို့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်အထိ တပ်နောက်ပြန်မဆုတ်သေးတာကြောင့် စေသူရွာအနီးက ကျေးရွာ ၁၅ ရွာက ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး စာဝတ်နေရေး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013