DVB Logo
Home
အားကစား
အာရှယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာနှင့် ကာဂျစ္စတန် ၁ ဂိုးစီသရေကျ
DVB
·
September 7, 2023
အာရှယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာနှင့် ကာဂျစ္စတန် ၁ ဂိုးစီသရေကျ
Donate to DVB

ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် မြန်မာယူ-၂၃ အသင်းနဲ့ ကာဂျစ္စတန် ယူ-၂၃ အသင်းတို့ တောင်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၆ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ တဖက် ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

မြန်မာအသင်းဟာ ကာဂျစ္စတန်အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့သလို ၂၃ မိနစ်မှာလည်း ကောင်းထက်ပိုင်က ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့လည်း အနိုင်ရလဒ်ကို မထိန်းနိုင်တာကြောင့် ၅၄ မိနစ်မှာ ချေပဂိုးပေးခဲ့ရပြီး သရေကျခဲ့ပါတယ်။

အုပ်စုအတွင်း တခြားပွဲစဥ်တွေဖြစ်တဲ့ တောင်ကိုရီးယားယူ-၂၃ နဲ့ ကာတာယူ-၂၃ တို့ပွဲစဥ်မှာ ကာတာယူ-၂၃ အသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု ခ မှာ ကာတာအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုပထမ၊ မြန်မာနဲ့ ကာဂျစ္စတန်တို့က ရမှတ် ၁ မှတ်စီနဲ့ အုပ်စုဒုတိယနဲ့ တတိယ၊ တောင်ကိုရီးယားအသင်းက ရမှတ်မရှိနဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ အုပ်စုဒုတိယပွဲစဥ်အဖြစ် ကာတာယူ-၂၃ အသင်းနဲ့ စက်တင်ဘာ ၉ ရက် မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

ကာတာယူ-၂၃ အသင်းဟာ ၂၀၂၄ အာရှဖလား အိမ်ရှင်ဖြစ်တာကြောင့် အခုပြိုင်ပွဲကို ခြေစမ်းသဘောအနေနဲ့သာ ဝင်ရောက်ယှဥ်ပြိုင်တာ ဖြစ်တဲ့အတွက် ရလဒ်တွေကို ထည့်သွင်းတွက်ချက်ခြင်းမရှိပါဘူး။

မြန်မာယူ-၂၃ အသင်းအနေနဲ့ ၂၀၂၄ အာရှဖလား သွားရောက်ကစားနိုင်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲစဥ်ဖြစ်တဲ့ တောင်ကိုရီးယား ယူ-၂၃ အသင်းကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။

Photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013