DVB Logo
Home
မြန်မာသတင်း
၈ လကျော်အတွင်း မတရားပုဒ်မတပ် ထောင်ဒဏ်ချမှတ်ခံရသူ ၁၁၅၃ ဦးရှိလာ
DVB
·
September 6, 2023
၈ လကျော်အတွင်း မတရားပုဒ်မတပ် ထောင်ဒဏ်ချမှတ်ခံရသူ ၁၁၅၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၄၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၁၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၂၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၂၆၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၂၉၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနှင့် သုတေသနဌာန ရဲ့ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချ မှတ်ခံခဲ့ရသူ အမျိုးသမီး ၂၁၄ ယောက်၊ အမျိုးသား ၉၃၇ ယောက်နဲ့  လိင်စိတ်ခံယူမှုကွဲပြားသူ ၂ ယောက်၊ စုစုပေါင်း ၁,၁၅၃ ယောက်ရှိပြီး စစ်ကိုင်းတိုင်းမှာ ၇၁၆ ယောက်နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ၁,၁၅၃ ယောက်ထဲမှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသူ ၉၁ ယောက်နဲ့ သေဒဏ်ချမှတ်ခံထားရသူ၁၄ ယောက်အ ပြင် ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ် ပြစ်ဒဏ်နှစ်မျိုးပေါင်း ချမှတ်ခံထားရသူ ၇ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော် မျိုးနိုင်၊ ကိုတင်မောင်ဝင်း၊ မသီတာဝင်းနဲ့ ကိုကျော်သက်တို့ကို စက်တင်ဘာ ၂ ရက်မှာ အင်း တော်မြို့နယ်စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုဇော်မျိုးနိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) နဲ့ ကိုတင်မောင်ဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ဂ နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပြီး မသီတာဝင်းနဲ့ ကိုကျော်သက်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၂ (ခ) နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013