DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် မော်တော်ယာဉ် မှန်၊ မမှန် စစ်ဆေးမှု ပြန်လည်စတင်မည်
DVB
·
September 6, 2023
အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် မော်တော်ယာဉ် မှန်၊ မမှန် စစ်ဆေးမှု ပြန်လည်စတင်မည်
Donate to DVB

မော်တော်ယာဉ်မှန်၊ မမှန် စစ်ဆေးတာတွေကို အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ပြန်လည်စတင်မှာဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးတရုံးမှာ ကားအစီး ၅၀ ခန့်ကို ယာဉ်မှန်မမှန် စစ်ဆေးပေးသွားမှာဖြစ်ပြီး မော်တော်ယာဉ်မှန်မမှန် စစ်ဆေးလို့ ယာဉ်မှားယွင်းပါက ယာဉ်နဲ့အတူ Owner Book ပါ သိမ်းဆည်းသွားမှာဖြစ်ပြီး ဖောက်စွတ်စလစ် ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဖောက်စွတ်စလစ်ဆိုတာက ကားပြန်သွင်းချင်သွင်း၊ မသွင်းချင်ရင် စလစ်ကို ရောင်းစားလို့တော့ ရတယ်၊ စျေးတော့ အရမ်းမရဘူးပေါ့၊ သတ်မှတ်ပေါက်စျေးတိုင်းပဲရမှာ။ အဲ့ဒါကြောင့် စစ်လိုက်တာကတော့ ပိုကောင်းတယ်။ ကိုယ်အမြဲသုံးနေရမှာလေ။ အခုမစစ်လည်း လိုင်စင်ဝင်ရင် ယာဉ်စစ်မှာပဲ။ အဲ့ကျတွေ့လည်း သိမ်းမှာပဲ။ ပြီးတော့ ဆိုးကျိုးအနေနဲ့က ကားတန်ဖိုး ဘယ်လောက်ရှိရှိ စလစ်ပေါက်စျေးအတိုင်းပဲ ပြန်ရမယ်။ ကားပြန်သွင်းနိုင်မယ်ဆိုရင်တော့ ပြန်သွင်းလို့ရတာမျိုး လုပ်လို့ရမယ်” လို့ ရန်ကုန်မြို့မှ ယာဉ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးရှိ ခရိုင်ရုံးတွေမှာ မော်တော်ယာဉ်စစ်ဆေးရာ လူစုလူဝေး မဖြစ်စေဖို့၊ လုပ်ငန်တွေ မြန်ဆန်စွာ ပြီးစီးနိုင်ဖို့အတွက် အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ရက်ချိန်းရယူတာတွေကို စက်တင်ဘာ ၆ ရက်က စတင်ပြီး အနည်းဆုံး ၁ ရက်မှ ၁၀ ရက်အထိ ကြိုတင်ရယူနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013