DVB Logo
Home
မြန်မာသတင်း
၂၀၂၆ ခုနှစ်အတွင်း လိုင်စင်မဲ့ယာဉ် ၁,၁၂၄ စီး ဖမ်းဆီးအရေးယူ 
DVB
·
November 12, 2026
Photo: CJ
Photo: CJ
Donate to DVB

၂၀၂၆ ခုနှစ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆေးဖမ်းဆီးဆောင်ရွက်ရာမှာ လိုင်စင်မဲ့ယာဉ် ၁,၁၂၄ စီး ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ လိုင်စင်မဲ့ မော်တော်ယာဉ် ၇၃၈ စီး၊ မော်တော်ဆိုင်ကယ် ၃၈၆ စီး ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

အောက်တိုဘာလမှာ ဖမ်းဆီးရမိမှု ၂၃၈ စီးနဲ့ အများဆုံး ဖြစ်ပြီး ဖေဖော်ဝါရီမှာ ၁၅၇ စီးနဲ့ ဒုတိယ၊ ဇန်န၀ရီလမှာ ၁၂၁ စီး ရရှိတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ယာဉ်တွေကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဒါ့အပြင် ယာဉ်နံပါတ်ပြားတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှာ တရားဝင် ထုတ်ပေးထားတဲ့ စံသတ်မှတ်ချက်မီ ယာဉ်နံပါတ်ပြားတွေသာ တပ်ဆင်မောင်းနှင်ကြဖို့နဲ့ စံချိန်စံညွှန်း မမှန်တဲ့၊ စာလုံးပုံစံ အလှဆင်ထားတဲ့၊ အက္ခရာနဲ့ ကိန်းဂဏန်းတွေ ကြည့်ရခက်ခဲစေတဲ့ အလှနံပတ်ပြားတွေ တပ်ဆင် အသုံးပြုနေတာ မလုပ်ဖို့ အသိပေးထားပြီး စစ်ဆေးတွေ့ရှိရရင် တည်ဆဲမော်တော်ယာဉ်ဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်လည်း အများပြည်သူ စိတ်ငြိုငြင်မှု မဖြစ်စေရေး၊ ဆူညံသံထွက်ပေါ်မှု လျှော့ချရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် အသံကျယ်လောင်တဲ့ ပါဝါအိတ်ဇောတွေ တပ်ဆင်မောင်းနှင်နေတဲ့ ပြိုင်ကားတွေနဲ့ မော်တော်ယာဉ်တွေကို စစ်ဆေး ဖမ်းဆီးပြီး ထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတ်မှတ်စံချိန်စံညွှန်းထက် ကျော်လွန်ပြီး ပြုပြင်တပ်ဆင်ထားတဲ့ အဲဒီလိုယာဉ်တွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူနေသလို၊ တရားမဝင် ပြုပြင်တပ်ဆင်မှုတွေကိုလည်း မူလအတိုင်း ပြန်လည်လဲလှယ်ရမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

ကုန်းလမ်းပို့ဆောင်မှုညွန်ကြားရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ရောက်ရှိလာသော ယာဉ်တွေနဲ့ သက်ဆိုင်ရာဌာန၊ တရားဝင်ကုမ္ပဏီတွေက ထုတ်ပေးတဲ့ သက်သေအထောက်အထားတွေ ပါရှိတဲ့ ပြည်တွင်း/ပြည်ပမှာ ထုတ်လုပ်ရောင်းချတဲ့ယာဉ်တွေကိုသာ မှတ်ပုံတင်ပေးပြီး တရားမဝင်ရောင်း/ဝယ် အသုံးပြုနေသာ ယာဉ်တွေကို ဒဏ်ကြေးနဲ့ အခွန်အခတွေ ပေးဆောင်ပြီး လိုင်စင်တွေ ထုတ်ပေးသွားမှာလို့ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စစ်အာဏာရှင်လက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦအောင်မြိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013