DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီသတင်းစာနှင့် ရုရှားသတင်းဌာနတို့ သဘောတူစာချုပ် ချုပ်ဆို
DVB
·
September 6, 2023
စစ်ကောင်စီသတင်းစာနှင့် ရုရှားသတင်းဌာနတို့ သဘောတူစာချုပ် ချုပ်ဆို
Donate to DVB

စစ်ကောင်စီဩဇာခံ သတင်းစာနဲ့ ရုရှားနိုင်ငံတကာသတင်းဌာန SPUTNIK တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘာတူစာချုပ်ကို စက်တင်ဘာ ၅ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရုရှားနဲ့ မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ သတင်းစာဖြစ်တဲ့ The Global New Light of Myanmar နဲ့ ရုရှားနိုင်ငံရဲ့ နိုင်ငံတကာ သတင်းဌာနဖြစ်တဲ့ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Mr Vasily pushkov တို့ တက်ရောက် လက်မှတ်ထိုးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

အဲဒီအခမ်းအနားမှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ-ရုရှား ဆက်ဆံရေးဟာ ယုံကြည်မှု၊ အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အခြေခံပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးကို ထူထောင်နေကြောင်းနဲ့ အခုလို ဆက်ဆံနေမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ ပြယုဂ်တခုအဖြစ် သက်သေပြနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခုလို နိုင်ငံတကာ အဆင့်အတန်းမီ ဂုဏ်သိက္ခာရှိတဲ့ သတင်းအေဂျင်စီတခုနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် မြန်မာ့သတင်းမီဒီယာသမားတွေအတွက် အားတခုဖြစ်စေပြီး သတင်းရေးသားတည်းဖြတ်မှုတွေ၊ ဓာတ်ပုံရိုက်ကူးမှု နည်းပညာတွေကို လေ့လာခွင့်ရရှိမှာ ဖြစ်သလို စာနယ်ဇင်း အတတ်ပညာဆိုင်ရာတွေကို နှစ်ဖက် အပြန်အလှန် လေ့လာခွင့်ရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စစ်အောင်စီလက်အောက်ခံ ပြန်ကြားရေးဌာနအနေနဲ့ ရုရှားသတင်းဌာနနဲ့ ပူးပေါင်းပြီး သတင်းမီဒီယာဖွံဖြိုးရေး လုပ်ဆောင်ဖို့ ပြောဆိုနေပေမဲ့ မြန်မာပြည်တွင်းရှိ သတင်းမီဒီယာတွေကိုတော့ ထုတ်ဝေခွင့်လိုင်စင်တွေ ပိတ်သိမ်းတာ၊ သတင်းသမားတွေကို  ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနဲ့ ရုရှားတို့အကြား စစ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ နျူးကလီးယားစွမ်းအင် ကိစ္စတွေမှာသာမက အခုလို သတင်းအချက်ဆိုင်ရာ ကိစ္စတွေမှာပါ ပိုမို ပူးပေါင်းလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Photo-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013