DVB Logo
Home
နိုင်ငံတကာ
စစ်တပ်အာဏာသိမ်းထားသည့် ဂါဘွန်နိုင်ငံကို ECCAS အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့
DVB
·
September 6, 2023
စစ်တပ်အာဏာသိမ်းထားသည့် ဂါဘွန်နိုင်ငံကို ECCAS အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့
Donate to DVB

ဗဟိုအာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်းကော်မရှင် (ECCAS) ဟာ ဂါဘွန်သမ္မတ အလီဘွန်ဂိုကို ဖြုတ်ချခဲ့တဲ့ သြဂုတ် ၃၀ ရက် စစ်တပ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဂါဘွန်နိုင်ငံကို  ECCAS အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စက်တင်ဘာ ၄ ရက်က အိမ်နီးချင်း အီကွေတာဂီနီနိုင်ငံမှာ ကျင်းပတဲ့ ECCAS ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ ခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လက်ခံနိုင်လောက်တဲ့ အချိန်အတောအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကို ပြန်ရောက်ရှိချိန်အထိ ECCAS အဖွဲ့အစည်းရဲ့ လှုပ်ရှားဆောင်ရွက်မှု အားလုံးကနေ ဂါဘွန်ကို ဆိုင်းငံ့ထားတယ်လို့ ECCAS ဥက္ကဋ္ဌ ဂီလ်ဘာတိုဒါပိုင်းဒိတ်ဗာရစ်ဆီမိုက ပြောပါတယ်။

ဂါဘွန်သမ္မတနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းမှု၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်မှုမှန်သမျှဟာ ဒီဗဟိုအာဖရိကနိုင်ငံတွေမှာလည်း တချိန်တည်းမှာ ဂယက်ရိုက်ခတ်မှုတွေ ရှိနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ နည်းလမ်းတွေနဲ့ အာဏာသိမ်းမှုနဲ့ ရပ်ရွာကို ထိခိုက်စေတဲ့ ပြဿနာတွေကို ဖြေရှင်းလို့မရကြောင်းနဲ့ အကြမ်းဖက်ဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲတွေအပေါ် အာဖရိကသမဂ္ဂရဲ့ နိုင်ငံ့အကြီးအကဲတွေနဲ့ အစိုးရတို့ရဲ့ ထူးခြားတဲ့ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရေးအတွက် ECCAS အသိုင်းအဝိုင်းက အားဖြည့်ရမယ်လို့  အီကွေတာဂီနီနိုင်ငံရဲ့ သမ္မတ တီယိုဒိုရိုအိုဘီယန်ငွယ်မာ အမ်ဘာဆိုဂိုက ပြောပါတယ်။

အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကဒေသမှာ ၃ နှစ်အတွင်း ၈ ကြိမ်မြောက် အာဏာသိမ်းမှုအဖြစ် ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်က ဂါဘွန် စစ်အာဏာသိမ်းမှုကို ဗဟိုအာဖရိကဒေသဆိုင်ရာ အစုအဖွဲ့ ECCAS အပါအဝင် ပြည်ပနိုင်ငံတွေက ရှုတ်ချကြပါတယ်။

သမ္မတဘွန်ဂို ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပါတယ်။ သူဟာ  ၂၀၀၉ ခုနှစ်မှာ  ရွေးကောက်ခံခဲ့ရတာဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ အာဏာရလာတဲ့ ကွယ်လွန်သူ ဖခင်ဆီကနေ အာဏာလွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။

သူတို့မိသားစုဟာ ဂါဘွန်ရဲ့ ရေနံနဲ့သတ္တုတွင်း ကြွယ်ဝမှုကို နိုင်ငံရဲ့ လူဦးရေ ၂ ဒသမ ၃ သန်းနဲ့ မျှဝေခံစားမှု မရှိသလောက်ပဲလို့ အတိုက်အခံတွေက ပြောကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013