DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်ကို စစ်တပ်က ဂျက်ဖိုက်တာနှင့် Y12 လေယာဉ် ၆ စီးဖြင့် ဗုံးကြဲ
DVB
·
August 3, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်တို့ကို ဖောက်လုပ်ထားတဲ့ ရိုးတောင်ကျော်လမ်းရှိ ပိတ်မိခံ နတ်ရေကန်တောင် ဗျူဟာစခန်းကို ပြန်လည်ကယ်ထုတ်နိုင်ဖို့အတွက် စစ်အာဏာရှင်တပ်က လေယာဉ် ၆ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

သြဂုတ် ၂ ရက် ည ၁၂ နာရီကနေ ၂ နာရီကျော်ထိ ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း ၆ စင်းနဲ့ ပဇီကျေးရွာ၊ ဂုတ်ကြီးကျေးရွာ၊ နတ်ရေကန် ပတ်ဝန်းကျင်တို့ကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လေယာဉ်က အုပ်စုလိုက်ကြီး ပစ်တာ၊ တအားကြောက်စရာကောင်းတယ်။ သူတို့က မြေပြင်ထိုးစစ်တွေ အင်အားဘယ်လောက်ရှိရှိ ရှေ့မရောက်ဘူး။ အဲဒါနဲ့ အဓိက လေကြောင်းသုံးလာတယ်။”

လေကြောင်းပစ်ကူနဲ့အတူ စစ်တပ်စစ်ကြောင်းတွေ ထိုးစစ်ဆင်နေပေမဲ့ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်လမ်းပိုင်းနဲ့ တောင်ကုန်းတွေကို မကျော်နိုင်ဘူးလို့ ဆိုပါတယ်။

အလားတူ အာရက္ခတပ်တော်နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ အမ်းမြို့နယ် တလိုင်းတောင်လမ်းရှိ နေရာတချို့နဲ့ သဖန်ရောင်ရွာအထက် ရိုးတောင်ခြေရင်းတွေကိုပါ စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲခဲ့တယ်လို့ နောက်ထပ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အဓိက Y12 နဲ့ လာကြဲတာပါ။ သဖန်ရောင်က ရိုးထက် တက်လာတဲ့ လမ်းကြောင်းတွေကို ပစ်တာ၊ ရိုးအောက်က စကစ အထိုင်ယူထားတဲ့နေရာတွေကို တိုက်ခိုက်ဖို့ ကြောက်ပုံရတယ်။”

မင်းတုန်းမြို့နယ် သဖန်ရောင်၊ ငဖဲမြို့နယ် နတ်ရေကန်လမ်းကို စစ်တပ်က အင်အားသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ ဒီနေ့ထိ အာရက္ခတပ်တော် ထိန်းချုပ်နေရာက စခန်းတခုကိုမှ မသိမ်းယူနိုင်ဘဲ ထိုးစစ်ဆင်လာတဲ့ သူတို့စစ်ကြောင်းသာ အကျအဆုံး၊ ဒဏ်ရာရသူတွေနဲ့သာ နောက်ဆုတ်နေရတယ်လို့ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013