
အမေရိကန်စစ်တပ်ဟာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းမှာ ရေယာဉ်တစင်းကို တိုက်ခိုက်ခဲ့ပြီး လူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ မေ ၂၇ ရက်မှာ ပြောပါတယ်။
“အဲဒီရေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းက လူသိများတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ လမ်းကြောင်းတွေအတိုင်း ဖြတ်သန်းမောင်းနှင်နေတာဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေတယ် ဆိုတာကို ထောက်လှမ်းရေးသတင်းအရ အတည်ပြုနိုင် ခဲ့ပါတယ်” လို့ အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အမေရိကန်စစ်တပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
သေဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ သူတို့ကို “မူးယစ်ဆေးဝါး အကြမ်းဖက်သမား အမျိုးသားတွေ” လို့ပဲ ဖော်ပြခဲ့ပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့ အဲဒီဗီဒီယိုဖိုင်ရဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။
မေ ၂၇ ရက် မတိုင်ခင်က အွန်လိုင်းပေါ်မှာ ဒီရုပ်သံဖိုင် ဗားရှင်းမျိုးကို တင်ခဲ့ဖူးတာလည်း မတွေ့ရှိ ထားပါဘူး။
Source: Reuters










